သာယာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားပြီး ပရိသတ်တွေကပါ သူတို့မိသားစုလေးကို အားကျနေရတာကတော့ လင်းလင်းနဲ့ချစ်သုဝေတို့ဇနီးမောင်နှံပါ။ သမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်လေးတို့ဟာလည်း ပရိသတ်တွေရဲ့ချစ်ခြင်းများစွာကို ရရှိထားတာပါ။ လင်းလင်းနဲ့ချစ်သုဝေတို့ဟာ သူတို့ရဲ့ရှိသမျှအချိန်တွေကို သမီးလေးတွေနဲ့သာ ကုန်ဆုံးလေ့ရှိတာပါ။

Photo Credit - Chit Thu Wai’s Facebook Account
Photo Credit - Chit Thu Wai’s Facebook Account
Photo Credit - Chit Thu Wai’s Facebook Account

ခေတ်နဲ့သစ်ဟာလည်း အရွယ်နဲ့မလိုက်အောင်ကို သိတတ်လိမ္မာလွန်းကြတာပါ။ သမီးလေးတွေရဲ့လှုပ်ရှားမှုဗီဒီယိုလေးတွေကိုလည်း လင်းလင်းနဲ့ချစ်သုဝေတို့ရဲ့ Facebook အကောင့်များမှာ တင်လေ့ရှိတာပါ။ အခုမှာလည်း သမီးလေးတွေရဲ့အကြောင်းကို တင်ထားပါသေးတယ်။ 

Photo Credit - Chit Thu Wai’s Facebook Account
Photo Credit - Chit Thu Wai’s Facebook Account
Photo Credit - Chit Thu Wai’s Facebook Account

ချစ်သုဝေရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် " ချည်တိုင် မိခင်တပ်ရင်း ရောက်ချိန်

ကျောင်းပို့ ထမင်းကျွေး

ကျောင်းကြို

မေမေဇာချက်ကျွေးတဲ့ ထမင်းဝါးတီးဆွဲ

ညအပြင်ထွက်

နက်ဖြန်မာမီမွေးနေ့မတိုင်ခင်

ဒယ်ဒီတို့နဲ့ဝိုင်သောက် ဒင်နာဆွဲ

အဲဒီနောက်

စူပါ တနင်္လာ တစ်ရက်တာ ရီပို့တ်ကို ဇူကာဘတ်ထံတင်ပြ " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ခေတ်နဲ့သစ်တို့ရဲ့ ပုံရိပ်လေးတွေနဲ့ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။

Source- Chit Thu Wai’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။