သားလေးမွေးဖွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို အရင်ကလောက်လှုပ်ရှားမှုသိပ်မရှိတော့သော်လည်း ပရိသတ်တွေက အခုချိန်ထိ ချစ်ခင်အားပေးနေရတာကတော့ သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းပါ။ သူမကတော့ သရုပ်ဆောင်ဘက်တွင်သာမကပဲ အဆိုဘက်မှာပါ ထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ အခုမှာတော့ ချစ်ခင်ပွန်းနှင့်သားလေးနဲ့ အတူ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတာပါ။  

Photo Credit - Nann Myat Phyo Thinn's Facebook Account
Photo Credit - Nann Myat Phyo Thinn's Facebook Account

သားလေး Jack Jack ဟာလည်း နှစ်ဖက်အဖိုးအဖွားတွေသာမကပဲ ပရိသတ်တွေရဲ့ ချစ်ခြင်းတွေကိုပါ ရရှိထားတာပါ။ သားလေးဟာ ငါးလသားအရွယ်ကို ရောက်ရှိလာပြီပဲဖြစ်ပြီး ဖေဖေ၊မေမေတို့ရဲ့ အသည်းကျော်လေးဖြစ်နေတာပါ။ အခုမှာလည်း သားလေးရဲ့ဗီဒီယိုလေးတစ်ခုကို နန်းမြတ်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားတာပါ။  

Photo Credit - Nann Myat Phyo Thinn's Facebook Account
Photo Credit - Nann Myat Phyo Thinn's Facebook Account

သားလေးကို ဆံပင်သန်ရန်အတွက် ထောလပတ်ရွက်လိမ်းပေးနေတာကို ငြိမ်ငြိမ်မမေသော Jack Jack လေးရဲ့ ဗီဒီယိုလေးကို တင်ထားတာပါ။ " ငြိမ်ငြိမ်မနေသောjack

#JackJack #5monthsold " ဆိုပြီး သူမရဲ့ Facebook အကောင့်တွင် တင်ထားတာပါ။ ပရိသတ်တွေအတွက် JackJack လေးရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Nann Myat Phyo Thinn's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။