ဆုပန်ထွာကတော့ ဆယ်စုနှစ်တိုင်အောင် အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း အောင်မြင်မှုတွေများစွာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သရုပ်ဆောင်ဘက်တွင်သာမက တေးစီးရီးများလည်း ထွက်ရှိထားတာပါ။ ဒါ့အပြင် အားလပ်ချိန်များတွင်လည်း မိသားစုကို အချိန်ပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ပါ။  

Photo Credit - Su Pan Htwar's Facebook Account
Photo Credit - Su Pan Htwar's Facebook Account

ပန်ပန်ရဲ့ သားလေးဟာလည်း တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာပြီပဲဖြစ်ပြီး အသက်ငယ်ငယ်လေးနဲ့ ဘာသာတရားလည်း ကိုင်းရှိုင်းလွန်းသူပါ။ ဖေဖေ၊မေမေနဲ့ အတူ မနက်တိုင်း ဆွမ်းလောင်းလှူတဲ့ ပုံရိပ်လေးတွေကိုလည်း ပန်ပန်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် မကြာခဏတင်လေ့ရှိတာပါ။ အခုမှာလည်း သားလေးရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ထားတာပါ။

Photo Credit - Su Pan Htwar's Facebook Account
Photo Credit - Su Pan Htwar's Facebook Account

ပန်ပန်ရဲ့ Facebook အကောင့်တွင်လည်း " 8.9.2019

တနင်္ဂနွေနေ့ မိသားစုဆွမ်းလောင်းကုသိုလ်လေးပါ။

(ဆွမ်း+ဝက်သားနီချက်)

"သူတော်ကောင်းများနဲ့သာတွေ့ရဆုံရပါလို၏။ဤကုသိုလ်ကောင်းမှူလေးတွေကြောင့်ဘဝမှာစိတ်အေးချမ်းသာယာစွာနေရပါလို၏ဘုရား”

Roar Roar Kyaw တစ်ကိုယ်တော်ဆွမ်းလောင်းခြင်းအမှတ်တရ " ဆိုပြီး ရေးသားဖော်ပြထားတာပါ။ ပရိသတ်တွေအတွက် Roar Roar လေးရဲ့ ပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Su Pan Htwar's Facebook Account 

Photo Credit - Su Pan Htwar's Facebook Account
Photo Credit - Su Pan Htwar's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။