မိန်းကလေးတွေတိုင်းကို သူမရဲ့ခြယ်သမှုတွေကြောင့်လှစေချင်သူလေးကတော့ မိတ်ကပ်ဖန်တီးရှင်ညီညီမောင်(စမ်းချောင်း) ပါ။ သူမရဲ့ဖန်တီးခြယ်သမှုတွေကြောင့် မိန်းကလေးတိုင်းဟာ နတ်သမီးလေးတွေလိုလှပနေကြတာပါ။

သူမဟာ ရုပ်ရှင်အသိုင်းအဝိုင်းကအနုပညာရှင်တော်တော်များများကိုလည်း သူမရဲ့မိတ်ကပ်အစွမ်းတွေနဲ့အလှတွေပိုမိုပေါ်လွင်စေသူပါ။

Photo Credit- Nyi Nyi Maung’s Facebook Account
Photo Credit- Nyi Nyi Maung’s Facebook Account

လတ်တလောမှာလည်း သူမပါဝင်ရိုက်ကူးထားတဲ့ " ကျားကျားကြိုကြိုက် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားလျက်ရှိနေတာပါ။ သုသုဟာ သူမရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် တင်လေ့ရှိပြီး အခုမှာလည်း စိတ်မကောင်းစရာအကြောင်းအရာလေးတစ်ခုကို ရေးသားထားတာပါ။ 

Photo Credit- Nyi Nyi Maung’s Facebook Account
Photo Credit- Nyi Nyi Maung’s Facebook Account

ဒါကတော့ " Gymကအပြန်ခေါက်မုန့်စားမယ်ပေါ့ ဈေးသည်အမကြီးမရှိတာနဲ့ ဘေးနားစပ်စုလိုက်တော့ ဖမ်းသွားတယ်တဲ့ ဈေးမရောင်းရနေရာမှာရောင်းလို့တဲ့ သူနဲ့ အရင်နေ့ကစကားပြောဖြစ်တုန်းက ကလေးတွေကျောင်းစရိတ်အပိုရအောင်ရှာရတာ လို့ ပြောပြနေသေးတယ် ဘယ်သူကအပင်ပန်းခံပြီးဈေးရောင်းချင်မှာလဲနော် အိမ်ရဲ့ ငွေယိုပေါက်တွေ အတွက်ကြိုးစားရုံးကန်ကျရတာကြီးပါပဲ စိတ်ထဲမကောင်းလိုက်တာ တဝမ်းတခါး မိသားစုစားဝတ်နေရေးဖြေရှင်းနေကျရတဲ့ လမ်းဘေးဈေးသည်တွေ အတွက် ရေရှည်ဘယ်လိုလုပ်မလဲ စည်းကမ်းတော့စည်းကမ်းပေါ့ ရှင် စိတ်ထဲတော့မကောင်းဘူး ဒီညတော့ ဒီကိစ္စပဲတွေးနေမိတော့မှာ " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- Nyi Nyi Maung’s Facebook Account 

Photo Credit- Nyi Nyi Maung’s Facebook Account
Photo Credit- Nyi Nyi Maung’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။