ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားသူကတော့ ယွန်းဝတီလွင်မိုးရဲ့သားလေး လွင်ထက်ပါ။ သားလေးဟာ အသက်ငယ်သေးပင်မယ့်လည်း သူ့ကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကတော့ ဒုနဲ့ဒေးပါ။ မေမေနဲ့အတူ ကြော်ငြာလေးတွေပါ ရိုက်ကူးထားတာပါ။

Photo Credit - Yunnandylm's Instagram Account
Photo Credit - Yunnandylm's Instagram Account

သားလေးရဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေကိုလည်း ဖွားဖွားမေသူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် တင်လေ့ရှိပြီး ပရိသတ်တွေကဒီဗီဒီယိုလေးတွေကို ကြည့်ပြီး အသည်းတွေယားနေရတာပါ။ Liam လေးဟာ အသက်တစ်နှစ်ပြည့်ပြီပဲဖြစ်ပြီး ပါးလေးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းနေတာပါ။  

Photo Credit - Yunnandylm's Instagram Account
Photo Credit - Yunnandylm's Instagram Account

အခုတစ်ခေါက်မှာလည်း တီတီယွန်းနဒီလွင်မိုးက ဓာတ်ပုံရိုက်နေတာလေးကို နောက်ကနေပို့စ်တွေပေးနေတဲ့ ပုံရိပ်လေးကို ယွန်းနဒီလွင်မိုးရဲ့ Instagram လူမှုကွန်ယက်တွင် တင်ထားတာပါ။ ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် အသည်းယားပြီး ချစ်စရာကောင်းလွန်းတဲ့ Liam လေးရဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Yunnandylm's Instagram Account

Photo Credit - Yunnandylm's Instagram Account
Photo Credit - Yunnandylm's Instagram Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။