လိုက်ဟဲဗီးလ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲအတွက် ပြင်ဆင်မှုတွေအဆက်မပျက်လုပ်ဆောင်နေတဲ့ အောင်လအန်ဆန်းရဲ့ လက်တလော လှုပ်ရှားမှုတွေကိုပရိသတ်တွေလည်း သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှတဆင့် တွေ့မြင်ကြမယ်ထင်ပါတယ်။ ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေများစွာပြုလုပ်နေပေမယ့်လည်း အောင်လအန်ဆန်းကတော့ မိသားစုအတွက် အချိန်ပေးလေ့ရှိတာတွေ့ရပါတယ်။ မကြာသေးမီကလည်းအောင်လအန်ဆန်းကတော့ သူ့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့အမှတ်တရပုံရိပ်လေးတွေကို ပြသခဲ့တာတွေ့ရပါတယ်။  

Photos credit - Aung La Nsang's fb account
Photos credit - Aung La Nsang's fb account
Photos credit - Aung La Nsang's fb account

အောင်လအန်ဆန်းကတော့ မင်္ဂလာဆောင်ပွဲလေးကတော့ ၂၀၁၅ ခုနှစ်က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အမှတ်တရပုံရိပ်တွေကတော့ များစွာသိမ်းဆည်းထားဆဲဖြစ်တာတွေ့ရပါတယ်။ အဆိုပါ ပုံရိပ်တွေနဲ့ပတ်သက်ပြီး အောင်လအန်ဆန်းကတော့ " Happy Belated Anniversary to Katie Oliphant. Photos by my sis in law Jamie Weaver. 9-7-2015 on a beautiful day!" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။  

Photos credit - Aung La Nsang's fb account
Photos credit - Aung La Nsang's fb account
Photos credit - Aung La Nsang's fb account

နှစ်ဖတ်မိစုံစုံလင်လင်နဲ့ မင်္ဂလာပွဲကို ကျင်းပခဲ့ပြီး ပျော်ရွှင်နေတဲ့ အောင်လအန်ဆန်းရဲ့ ပုံရိပ်တွေကိုလည်း ပရိသတ်တွေတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ မကြာမီယှဉ်ပြိုင်မည့် ပြိုင်ပွဲမတိုင်မီ မင်္ဂလာနှစ်ပတ်လည်နေ့လေးကို ပုံရိပ်တွေနဲ့အတူ ပြသခဲ့တဲ့ အောင်လအန်ဆန်းရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos credit - Aung La Nsang's fb account

Photos credit - Aung La Nsang's fb account
Photos credit - Aung La Nsang's fb account
Photos credit - Aung La Nsang's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။