ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး အေးမြတ်သူကတော့ ၂၀၁၈အကယ်ဒမီပေးပွဲမှာ ပူပူနွေးနွေးအကယ်ဒမီရရှိထားတာပဲဖြစ်ပါတယ်။ပါးချိုင့်လေးနှစ်ဖက်နဲ့အပြုံးချိုချိုလေးတွေကို လူတိုင်းအတွက်ပြုံးပြတတ်တဲ့ အေးမြတ်သူကတော့ ပရိသတ်တွေရဲ့အချစ်များစွာကိုလည်း ရရှိထားတာပါနော်။အေးမြတ်သူက ယနေ့အချိန်ထိလည်း အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပါတယ်။

Photo Credit:Myat Lay ML's Facebook
Photo Credit:Myat Lay ML's Facebook
Photo Credit:Myat Lay ML's Facebook

လက်တလောမှာတော့ အေးမြတ်သူက ပွဲအခမ်းအနားတွေတက်ရောက်ပြီး အမြဲတမ်းကျော့ရှင်းလှပနေတဲ့သူပါနော်။မိဘနှစ်ပါးအပေါ်မှာလည်း လိမ္မာသိတတ်တဲ့ သမီးလိမ္မာလေးဖြစ်ပြီး လူကြီးသူမမိဘဆရာတွေအပေါ်မှာလည်း ရိုသေကိုင်းရှိုင်းလို့ လူတိုင်းကလည်း ချစ်ခင်ကြပါတယ်။အေးမြတ်သူကတော့ လူတန်းစားခွဲခြားဆက်ဆံမှုမရှိဘဲ သဘောကောင်းဖော်ရွေတဲ့စိတ်ထားလေးကြောင့် ပရိသတ်တွေကလည်း သူမရဲ့စိတ်ထားလေးကို အရမ်းလေးစားကြပါတယ်။

Photo Credit:Myat Lay ML's Facebook
Photo Credit:Myat Lay ML's Facebook
Photo Credit:Myat Lay ML's Facebook

အသက်၃၀ကျော်အရွယ်အပျိုကြီးမမတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူရဲ့မင်္ဂလာသတင်းကိုလည်း ပရိသတ်တွေကစောင့်မျှော်နေကြပါပြီနော်။အခုဆိုရင်တော့ အေးမြတ်သူက မိန်းမတစ်ယောက်ပီသစွာနဲ့ ကိုယ်တိုင်စမူဆာကြော်နေရင်း Liveလွှင့်ကာ ပရိသတ်တွေနဲ့စကားတွေပြောခဲ့ပါတယ်။အေးမြတ်သူရဲ့ချစ်စရာဟန်ပန်လေးတွေနဲ့ စမူဆာကြော်နေတဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးလည်း တွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Myat Lay ML's Facebook
Photo Credit:Myat Lay ML's Facebook
Photo Credit:Myat Lay ML's Facebook

Photo Credit:Myat Lay ML's Facebook

Video Credit:Aye Myat Thu'Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။