မြန်မာအသင်းနဲ့ ဂျပန်အသင်းရဲ့ ခြေစစ်ပွဲမတိုင်ခင် ဂျပန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ မစ္စတာ အီဝါဂါမီ ကာဇူမီရှီ ဦးဆောင်သည့် အဖွဲ့ဟာ ယနေ့ မွန်းလွဲပိုင်းက အာရှဘောလုံး အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ထံ လာရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

အဆိုပါတွေ့ဆုံရာတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံ ဘောလုံးလောက ဖွံ့ဖြိုးရေးလုပ်ငန်းများ အပါအဝင် ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဂျပန်ကိုယ်စားလှယ် အဖွဲ့အား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

ယနေ့ညနေ ၆ နာရီ ၅၀ မိနစ်အချိန်မှာ မြန်မာလက်ရွေးစင်အသင်းဟာဂျပန်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားမှာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဂျပန်အသင်းနဲ့ပွဲအတွက် စိတ်လှုပ်ရှားနေပြီး မြန်မာအသင်းကို အားပေးဖို့ အသင့်ရှိနေကြပါတယ်။

source: MFF ' s facebook

photo credit : MFF ' s facebook
photo credit : MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။