အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး ချစ်သုဝေကတော့ ကလေးနှစ်ယောက်အမေဖြစ်ပေမယ့် ယနေ့တိုင်အောင် ငယ်ရွယ်နုပျိုလှပနေဆဲ ဖြစ်ပါတယ်။ ချစ်သုဝေက ချစ်ခင်ပွန်းလင်းလင်းအတွက်လည်း ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ဖြစ်သလို ခေတ်နဲ့သစ်ဆိုတဲ့သမီးလေးနှစ်ယောက်အတွက်လည်း အရှေ့ကနေဦးဆောင်လမ်းပြနိုင်တဲ့ မိခင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။

Photo Credit- Alinn Yaung Photography
Photo Credit- Alinn Yaung Photography
Photo Credit- Chit Thu Wai's FB

ဒါ့အပြင် ချစ်သုဝေက သူမရဲ့မိဘတွေအပေါ်မှာ အလေးထားဆက်ဆံပြီး တကယ့်ကိုသိတတ်လိမ္မာတဲ့သမီးလေးတစ်ယောက် ဖြစ်ပါတယ်။ အခုလည်း ချစ်သုဝေက သူမချစ်ရတဲ့ ချစ်မေကြီးရဲ့မွေးနေ့ပွဲမှာ ချစ်စရာကောင်းတဲ့ မွေးနေ့ဆုမွန်ကောင်းစကားလေးတွေနဲ့ တောင်းဆိုပေးလိုက်ပါတယ်။ ချစ်သုဝေက ချစ်မကြီးနဲ့အတူ အမှတ်တရပုံလေးကိုတင်ပြီး ရင်ထဲကစကားတွေနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit- Chit Thu Wai's FB
Photo Credit- Chit Thu Wai's FB
Photo Credit- Chit Thu Wai's FB

ချစ်သုဝေက " မေကြီး မေကြီးရေ ဟတ်ပီဘတ်ဒေး ပြောစရာတွေကတော့အများကြီးပဲ...ဒါပေမယ့် အရေးကြီးတာတွေပဲပြောမယ်နော်,,စိတ်ချမ်းသာအောင်နေ အလုပ်တွေလျော့လုပ် သမီးတို့အတွက်ရော မြေးတွေအတွက်ရော မပူနဲ့ ကိုယ့်ဘာသာနားနားနေနေဂရုစိုက်ပါနော်..မေကြီးက သမီးတို့အတွက် မရှိမဖြစ်" ဆိုပြီး ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်သုဝေတို့သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Chit Thu Wai;

Photo Credit- Chit Thu Wai's FB
Photo Credit- Chit Thu Wai's FB
Photo Credit- Chit Thu Wai's FB
Photo Credit- Chit Thu Wai's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။