ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နန်းဆုရတီစိုးဟာဆိုရင် အနုပညာလောကထဲကို ဟိုးအရင်ကတည်းကဝင်ရောက်လာခဲ့ပြီး အရုပ်မလေးလိုအရမ်းလှလို့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ ဇာတ်ကားတွေကိုဖြည်းဖြည်းမှန်မှန်ရိုက်ကူးနေပြီး သီချင်းတွေဘက်သာပိုပြီးလုပ်ဖြစ်နေကာ နန်းဆုသီဆိုထားတဲ့ သီချင်းတွေကိုလည်း ပရိသတ်တွေကကြိုက်နှစ်သက်ကြပါတယ်။

Photo Credit:nansu yati soe's facebook
Photo Credit:nansu yati soe's facebook
Photo Credit:nansu yati soe's facebook

နန်းဆုနဲ့ဂျီဖတ်တို့စုံတွဲလေးကို ပရိသတ်တွေကအရမ်းချစ်ပြီးသဘောတူကြကာ အခုရက်ပိုင်းအတွင်းမှာတော့ နှစ်ယောက်သားရဲ့ ခံစားချက်တွေကို လူမှုကွန်ယက်စာမျက်နှာမှာမျှဝေနေတာဖြစ်လို့ ပရိသတ်တွေကတော့ အဆင်မပြေဘူးလို့ထင်ပြီး စိုးရိမ်နေကြပါတယ်။နန်းဆုနဲ့ဂျီဖတ်တို့စုံတွဲလေးက မနဲ့မောင်ဇာတ်လမ်းလေးဖြစ်ပြီး သူငယ်ချင်းတွေလို ပျော်ပျော်ပါးပါးနဲ့အမြဲစနောက်တတ်တာဖြစ်လို့ ပရိသတ်တွေက သူတို့စုံတွဲလေးကိုကြည့်ပြီး အပျော်တွေကူးစက်ရပါတယ်နော်။

Photo Credit:nansu yati soe's facebook
Photo Credit:nansu yati soe's facebook
Photo Credit:nansu yati soe's facebook

အခုဆိုရင်တော့ နန်းဆုလည်း ပုံမှန်အလုပ်တွေလုပ်ပြီး ပွဲအခမ်းအနားတွေတက်ရောက်နေသလို ဂျီဖတ်လည်း ပွဲတွေအတွက်ခရီးတွေထွက်ကာ နောက်ထပ်သီချင်းတွေအတွက်လည်းပြင်ဆင်နေပါတယ်။အခုဆိုရင်တော့ နန်းဆုက"တစ်ချိန်က"ဆိုပြီး အရမ်းကြည်နူးဖို့ကောင်းတဲ့ မေတ္တာစာလေးတွေကို သူမရဲ့instagram my day မှာ ဝမ်းနည်းတဲ့ပုံလေးတွေနဲ့ မျှဝေခဲ့တာလေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:nansu yati soe's facebook
Photo Credit:nansu yati soe's facebook
Photo Credit:nansu yati soe's facebook

Photo Credit:nansu yati soe's Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။