ဟာသမင်းသမီးလေးအဖြစ် လူသိများအောင်မြင်နေတဲ့ ဖြူဖြူထွေးကတော့ ပရိသတ်တွေအားလုံးကို ရယ်မောပျော်ရွှင်ရအောင် အမြဲလိုလိုတင်ဆက်ပေးလေ့ရှိသူလေး ဖြစ်ပါတယ်။ ဟာသနဲ့အကဗီဒီယိုလေးတွေနဲ့ ပရိသတ်အားပေးမှုရရှိလာတဲ့ ဖြူဖြူထွေးက လက်ရှိအချိန်မှာတော့ ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ အများဆုံးလက်ခံရိုက်ကူးနေရပြီး နာမည်ရအောင်မြင်နေတာ ဖြစ်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

တစ်နေ့တစ်ခြား ပိုပိုပြီးအောင်မြင်လာတဲ့ ဖြူဖြူထွေးက သူမရှာဖွေသမျှ အနုပညာကြေးတွေနဲ့လည်း မိဘကိုလုပ်ကျွေးပြုစုသလို တတ်နိုင်သလောက် ပရဟိတအလုပ်တွေလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက သူမနေတဲ့ ရွာလေးက စာသင်ကျောင်းမှာရှိတဲ့ ကလေးတွေအတွက် မုန့်တွေအများကြီးဝယ်ပြီး လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ဖြူဖြူထွေးက ကလေးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

ဖြူဖြူထွေးက " ဖြူဖြူထွေးရဲ့ နွေးထွေးသောကမ္ဘာငယ်လေး " ဆိုပြီး ရွာက ကလေးတွေအတွက် မုန့်ဝေရင်း ပျော်ရွှင်ခဲ့ရတဲ့ဗီဒီယိုဖိုင်လေးကို တင်ထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်လေးမှာတော့ ဖြူဖြူထွေးက ကလေးတွေအတွက်သာမက ရွာထဲက စိုက်ပျိုးရေးလုပ်နေတဲ့အန်တီကြီးတွေအတွက်လည်း ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး မုန့်ဝေခဲ့ပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကြည်နူးပီတိဖြစ်စရာကောင်းတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Phyu Phyu Htwe's FB

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။