ရှူးစီးရတာကြိုက်တဲ့ သူတိုင်းဖိနပ်အနံ့နံတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ခဏခဏစိတ်ဒုက္ခရောက်ရပါတယ်နော်။ တစ်နေကုန်တစ်နေခန်း ရှူးစီးရရင်ပိုလို့တောင်ဆိုးပါသေးတယ်။ ဖိနပ်ဆေးထားပေမယ့်လည်း တစ်နေကုန်စီးလို့ကတော့ သေချာပေါက်ပြန်နံမှာပါပဲနော်။ ဒါဟာ ပတ်ဝန်းကျင်အတွက်လည်း မကောင်းသလို ကိုယ့်ရဲ့ သိက္ခာလည်းကျတဲ့အတွက် ဒါတွေမဖြစ်အောင် ဘယ်လိုနည်းလမ်းလွယ်လွယ်လေးတွေကို သုံးရမလဲကြည့်လိုက်ရအောင်နော်။

(၁) ကိုယ်နဲ့တော်တဲ့ ဖိနပ်ပဲဝယ်စီးပါ။ ချောင်နေတဲ့ ဖိနပ်ဟာ ပိုပြီး ခြေထောက်နံ့ထွက်နိုင်ပါတယ်နော်။

(၂) လေဝင်လေထွက်ကောင်းတဲ့ ရှူးပါးပါးလေးတွေပဲစီးပါ။ ဂွမ်းသားတို့ လည်သာသားတို့ လျှော်သားတို့ထက် ပိတ်သားပါတဲ့ ဖိနပ်မျိုးလေးတွေက အနံ့သိပ်မထွက်ပါဘူးနော်။ လျှော်ရလည်း လွယ်ပါတယ်။

(၃) နေပူထဲထုတ်လှန်းပါ။ ဖိနပ်ကို မဆေးအားသေးရင်တောင် ပူနေတဲ့ နေထဲကို နေပြထားလိုက်ပါ။ နေမပူလည်း လေတိုက်တဲ့နေရာမှာပြထားလို့ရပါတယ်။

Photo Source: Pngtree

(၄) နေ့တိုင်းခြေထောက်ကို ဆပ်ပြာနေသေချာတိုက်ပြီးဆေးပါ။ ရေနဲ့ပတ်ပြီး ပြီးစလွယ်ဆေးလို့ကတော့ ခြေဆီတွေနဲ့ချွေးတွေနဲ့ပေါင်းပြီး အနံ့ပြင်းပြင်းထွက်နိုင်ပါတယ်နော်။

(၅) Baby Mindပေါင်ဒါသုံးပါ။ မဟုတ်လည်းကလေးတွေသုံးတဲ့ ပေါင်ဒါတစ်မျိုးမျိုးကိုသုံး ပေးပါ။ ဖိနပ်စီးခါနီးရင် ပေါင်ဒါကို ဖိနပ်ထဲလည်းအနည်းငယ်ဖြူးပေးပြီး ခြေထောက်နှစ်ဖက်လုံးကိုလည်းပါးပါးလေး လူးပေးပါ။

(၆) ဖိနပ်သိမ်းထားတဲ့ မုန့်ဖုတ်ဆိုဒါမှုတ်လေးတွေဖိနပ်ထဲ အနည်းငယ်ထည့်ပေးပါ။ ဆိုဒါဟာ အနံ့တွေကို စုပ်ယူနိုင်တဲ့အတွက် ဖိနပ်မဆေးဖြစ်ရင်တောင် အလုပ်ဖြစ်ပါတယ်။

Photo Source: Pngtree

(၇) ရေခဲသေတ္တာထဲ ထည့်ထားလည်းရပါတယ်။ ဖိနပ်ကို ပလက်စတစ်အိတ်နဲ့ သေချာလေလုံ အောင်ပိတ်ပြီး တစ်ညလုံးထည့်ထားပါ။ အနံ့တော့မထွက်ပါဘူး။ ဒါပေမယ့် ရေခဲသေတ္တာထဲမှာထည့်မှာဆိုတော့ စိတ်သန့်မှထည့်ပါနော်။

(၈) ခြေအိတ်ကို ဖြစ်နိုင်ရင်ဝတ်ပါ။ မိုးရွာတဲ့အချိန်နဲ့ နေအရမ်းပူတဲ့အချိန်တွေမှာတော့ မဝတ်သင့်ပါဘူးနော်။ ခြေအိတ်ဝတ်တာဟာ ခြေနံ့ထွက်ခြင်းကို သိသိသာသာကာကွယ်ပေးပါတယ်။

(၉) လိမ္မော်ခွံလေးတွေ သံပုရာခွံလေးတွေကို ဖိနပ်ထဲထည့်တာမျိုးလုပ်ပါ။ အဲ့လိုအခွံလေးတွေက အနံ့စုပ်ပါတယ်။ ဒါပေမယ့် သွာခါနီးလာခါနီး ဖိနပ်စီးရင်တော့ တိုင်ပတ်တာမျိုးတွေဖြစ်တတ်တာကိုတော့ သတိမူစေချင်ပါတယ်။

Photo Source: Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။