လောကကြီးမှာ မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်းတွေရှိသလို ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးသူတွေလည်းရှိပါတယ်...။ ဒီလိုလူမျိုးတွေက ဘယ်လိုပုံစံ၊ ဘယ်လိုအနေအထားရှိတယ်ဆိုတာ သိရှိထားလျှင် ထိုသူတွေကို အဝေးကနေ စောစီးစွာ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်...။ ဒီတစ်ပါတ် ပရိသတ်ကြီးကို အဆိုပါ အကြောင်းအရာနဲ့ပတ်သက်ပြီး ဆေးနွေးတင်ဆက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်..။ မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်တွေနဲ့ တွေ့ဆုံပတ်သက်ရဖို့အတွက် တစ်ကယ့်ကို အကျိုးရှိစေမှာပါနော်...။

photo credit pngtree

သင့်ရဲ့ အကြောင်းကို သင့်နောက်ကွယ်မှာ အခြားသူကိုပြောနေပြီဆိုရင်တော့ ဒါဟာ သစ္စာဖောက်၊ နောက်ကျောကိုဓားနဲ့ထိုးမယ့်သူတွေရဲ့ အလားအလာ လက္ခဏာတစ်ရပ်လို့ ဆိုလိုရမှာဖြစ်ပါတယ်..။ ထိုကဲ့သို့ အဖြစ်အပျက်မျိုးတွေနဲ့ ကြုံတွေ့လာရပြီဆိုလျှင် အတတ်နိုင်ဆုံး ထိုလိုလူမျိုးတွေနဲ့ အဝေးဆုံးကို ရှောင်ရှားရမှာဖြစ်ပါတယ်..။ သင့်ရဲ့ ရှေ့မှာတော့ သင့်ကောင်းကြောင်းကို ပြောပြီး သင့်နောက်ကွယ်မှာ မကောင်းကြောင်းတွေကို ပြောဆိုတတ်တဲ့သူက လူ့ဘောင်လောကပတ်ဝန်းကျင်မှာမရှိသင့်သလို၊ လုပ်ငန်းခွင်အတွင်းမှာလည်း ထိုလိုလူမျိုးတစ်ယောက်အတွက်ကြောင့် စိတ်အနှောက်အယှက် ဖြစ်ရပါတယ်...။

photo credit pngtree

တစ်ချို့ မိတ်ဆွေစစ်၊ မိတ်ဆွေမှန်လို့ ထင်ရပေမယ့်လည်း တစ်ခါတစ်လေမှာ ကိုယ့်ကို သစ္စာဖောက်သွားတာမျိုးတွေရှိတတ်ပါတယ်...။ ဒီလိုကိစ္စမျိုးတွေ မကြုံတွေ့ရအောင် မိမိဘက်က အတတ်နိုင်ဆုံး ဂရုတစိုက် ဆက်ဆံ၊ ပေါင်းသင်းရမှာဖြစ်ပါတယ်..။ မိမိပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ သစ္စာဖောက်၊ နောက်ကျောကို ဓားနဲ့ထိုးတတ်တဲ့သူတွေရဲ့ အပြုအမူလက္ခဏာကို လေ့လာကြည့်ရှုထားရမှာဖြစ်ပြီး မိမိအလှည့်ကျရင် ဘယ်လိုရှောင်ရှားရမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်..။ သီလ၊ သမာဓိနဲ့ ပြည့်စုံသော မိမိထက် အသက်ကြီးရွယ်သူတွေရဲ့ ပြောဆိုဆုံးမမှုကို လိုက်နာရမှာဖြစ်ပြီး လိမ္မာယဉ်ကျေးသူတွေနဲ့ ပေါင်းသင်းဆက်ဆံခြင်းဖြင့်လည်း သစ္စာဖောက်ခြင်း၊ နောက်ကျောကိုဓားနဲ့ထိုးခံရခြင်းမှ ကင်းဝကြမှာဖြစ်ပါတယ်....။ မိမိအပေါ် အစစ်အမှန်မဟုတ်ဘဲ၊ သစ္စာဖောက်၊ နောက်ကျောကိုဓားနဲ့ထိုးတတ်သူတို့ရဲ့ အမူအကျင့် လက္ခဏာတွေက ဘယ်လိုမျိုးလဲဆိုတာနှင့် ရှောင်ရှားသင့်ကြောင်းတို့ကို အကြံဉာဏ်ပြု ဖော်ပြပေးလိုက်ခြင်းသာဖြစ်ပါတယ်...။

photo credit pngtree

photo credit pngtree
photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။