အနုပညာလောကမှာ နှစ်အတော်ကြာဖြတ်သန်းခဲ့ပြီး လက်ရှိ တည်ငြိမ်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားတဲ့ ဝိုင်းစုခိုင်သိန်းနဲ့ အောင်လတို့ရဲ့ စုံတွဲလေးကို ပရိသတ်တွေလည်း အားကျမိမယ်ထင်ပါတယ်။ လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲဖြစ်သလို လက်ရှိ အနုပညာအလုပ်တွေကိုလည်း နှစ်ယောက်ပေါင်းပြီး တက်တက်ကြွကြွလုပ်ဆောင်လျှက်ရှိတာတွေ့ရပါတယ်။  

photos credit - Wyne Su Khine Thein's fb account
photos credit - Wyne Su Khine Thein's fb account

အောင်လနဲ့ ဝိုင်းစုတို့ကတော့ အောင်မြင်တဲ့ အဆိုတော်တွေဖြစ်ပြီး လက်တလော ပွဲတက်မှုတွေကို ပိုမိုလုပ်ဆောင်လျှက်ရှိတာတွေ့ရပါတယ်။ မကြာသေးမီကလည်း ဝိုင်းစုခိုင်သိန်းကတော့ နှစ်ယောက်အတူ တက်ရောက်ခဲ့တဲ့ ပွဲမှပုံရိပ်လေးတွေကို ပြန်လည်ပြသထားတာတွေ့ရပါတယ်။ အဆိုပါပုံရိပ်လေးတွေကတော့ မနေ့ညက သွားရောက်ခဲ့တဲ့ Not Copyright ပွဲမှ ပုံရိပ်လေးတွေဖြစ်ပြီး ပရိသတ်အချစ်တော်အနုပညာရှင်များစွာလည်း တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။  

photos credit - Wyne Su Khine Thein's fb account
photos credit - Wyne Su Khine Thein's fb account

အဆိုပါ ပွဲကို ဝိုင်းစုခိုင်သိန်းကတော့ ချစ်သူဖြစ်သူအောင်လနဲ့အတူ တက်ရော်ကခဲ့တာဖြစ်ပြီး ပွဲအတွင်းအမှတ်တရရိုက်ကူးခဲ့တဲ့ပုံရိပ်တွေကိုပြန်လည်ပြသထားတာတွေ့ရပါတယ်။ ဝိုင်းစုခိုင်သိန်းချစ်ပရိသတ်တွေအတွက် မနေ့ညကပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

photos credit - Wyne Su Khine Thein's fb account

photos credit - Wyne Su Khine Thein's fb account
photos credit - Wyne Su Khine Thein's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။