မြန်မာအသင်းနဲ့ဂျပန်အသင်းတို့ပွဲမှာ ဂျပန်အသင်းက ပွဲစကတည်းက ဖိကစားထားခဲ့ပြီး ဂျပန်အတွက် ဦးဆောင်ဂိုးကို နာကာဂျီမာက ဧရိယာထိပ်ကနေ လှလှပပ ကန်သွင်းယူခဲ့ပါတယ်။ဂျပန်က ဒုတိယဂိုးကို ၂၆မိနစ်မှာ မီနာမီနိုက ခေါင်းတိုက်ပြီး သွင်းခဲ့ပါတယ်။

photo credit: MFF 's facebook
photo credit: MFF 's facebook

ဥရောပကစားသမားတွေများစွာပါဝင်တာကြောင့်ခြေစွမ်းပိုင်းမယှဉ်နိုင်ဘဲ မြန်မာအသင်းဟာ တဖက်သက်ဖိအားပေးခြင်းကိုခံနေရပါတယ်။ မြန်မာအသင်းဟာ ဂျပန်အသင်းဘက်ကို တစ်ကြိမ်မှ ဖိအားပေးနိုင်ခြင်းမရှိဘဲ ကွင်းလယ်နဲ့ခံစစ်မှာသာအလုပ်များနေခဲ့ပြီး ဂျပန်အသင်းရဲ့တိုက်စစ်ကိုသာ လိုက်ပြီး ရှုင်းထုတ်နေရပါတယ်။

photo credit: MFF 's facebook
photo credit: MFF 's facebook

မြန်မာအသင်းအနေနဲ့ ဒုတိယပိုင်းမှာ ဂျပန်အသင်းဘက်ကို အနည်းငယ်ထိုးဖောက်နိုင်ပေမယ့်လဲ ချေပဂိုးတွေသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။ ဂျပန်အသင်းအနေနဲ့ ဒုတိယပိုင်းမှာ ထိန်းပြီးကစားသွားခဲ့ပြီး သွင်းဂိုးတွေမမြင်တွေ့ခဲ့ရဘဲ ပွဲပြီးဆုံးချိန်မှာျတာ့ ဂျပန်အသင်းက မြန်မာအသင်းကို ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ရှိခဲ့ပါတယ်။

soure:MFF 's facebook

photo credit: MFF 's facebook
photo credit: MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။