ပရိသတ်ကြီးရေ မင်းသမီးချောလေးခြူးလေးကတော့ Mrtv4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ပြီး အိုင်တင်အရမ်းကောင်းလွန်းတာကြောင့် ပရိသတ်တွေကစတင်သတိထားမိလာကာ သူမရဲ့ချစ်စရာပုံစံလေးတွေကြောင့် ပိုပိုပြီးချစ်လာရတာဖြစ်ပါတယ်။ခြူးလေးကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လာပြီး အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်လာတာကိုတွေ့ရပါတယ်နော်။

Photo Credit:Chue Chue's Facebook
Photo Credit:Chue Chue's Facebook
Photo Credit:Chue Chue's Facebook

ခြူးလေးကတော့ အသက်ငယ်ငယ်လေးနဲ့အောင်မြင်မှုတွေကို ရရှိထားပြီး ပရိသတ်အင်အားအခိုင်အမာနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နေတာဖြစ်ပါတယ်။စိတ်ထားလေးလည်းဖြူစင်နူးညံ့ပြီး သဘောကောင်းဖော်ရွေသူဖြစ်လို့ သူမကို ချစ်ခင်တဲ့သူပေါများပါတယ်။ခြူးလေးက မိသားစုထဲမှာအကြီးဆုံးဖြစ်ပြီး အမကြီးအမိရာဆိုသလို မိသားစုကိုလိုလေသေးမရှိအောင်စောင့်ရှောက်ပေးတဲ့သူတစ်ယောက်ပါနော်။

Photo Credit:Chue Chue's Facebook
Photo Credit:Chue Chue's Facebook
Photo Credit:Chue Chue's Facebook

ခြူးလေးရဲ့ သရုပ်ဆောင်ချက်အိုင်တင်တွေကလည်းတော်တဲ့အပြင် သီချင်းဆိုတာလည်းအရမ်းကောင်းပါတယ်နော်။သူမရဲ့အသံချိုချိုလေးက ပရိသတ်ရဲ့နားထဲကိုစွဲစေပြီးအရမ်းနားထောင်လို့ကောင်းပါတယ်နော်။အခုဆိုရင်လည်းခြူးလေးက"နေမကောင်းဖြစ် ပြီး ခွေခေါက်နေတာ မကြည့်ရက်လို့တဲ့အိမ်ထိ မနက်ကတည်းက လာပြီး အပြင်ခေါ်ထုတ်ပေးကြတဲ့မမ များ"ဆိုပြီး နေမကောင်းပေမယ့်လည်း သီချင်းကို ခံစားမှုအပြည့်နဲ့သီဆိုနေတဲ့ ခြူးလေးရဲ့ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်။ 

Photo Credit:Chue Chue's Facebook
Photo Credit:Chue Chue's Facebook
Photo Credit:Chue Chue's Facebook

Photo Credit:Chue Chue's Facebook

Vedio Credit:Chue Chue'Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။