ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်ဟာဆိုရင် မြန်မာပြည်ကနှုတ်ခမ်းနီမလေးတွေအားပေးချစ်ခင်ကြရုံသာမကာ ထိုင်းနိုင်ငံက ထိုင်းမချောချောလေးတွေကပါ တစ်ခဲနက်အားပေးဝန်းရံကြတာဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ အနုပညာအလုပ်တွေကို မော်ဒယ်လ်တစ်ယောက်အဖြစ်စတင်လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ကြော်ငြာတွေကို အများအပြားရိုက်ကူးနေတာဖြစ်ပါတယ်နော်။

Photo Credit:Paing Takhon's Facebook
Photo Credit:Paing Takhon's Facebook
Photo Credit:Paing Takhon's Facebook

ပိုင်တံခွန်က အခုလက်တလောမှာ ပြည်ပခရီးစဉ်တွေတော်တော်များများသွားခဲ့ပြီး ထိုင်းနိုင်ငံက မင်းသမီးချောတွေနဲ့လည်း အနုပညာအလုပ်တွေတွဲပြီးလုပ်ကိုင်ခဲ့သလို မြန်မာပြည်ကအနုပညာမောင်နှမတွေနဲ့အတူ မော်ဒိုက်ကမ်းခြေကိုလည်းသွားရောက်ပြီး အပန်းဖြေခဲ့ပါသေးတယ်။ပိုင်တံခွန်ကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေက သူ့ရဲ့အနုပညာလှုပ်ရှားမှုမှန်သမျှကို တစ်ခဲနက်အားပေးကြတာပါနော်။

Photo Credit:Paing Takhon's Facebook
Photo Credit:Paing Takhon's Facebook
Photo Credit:Paing Takhon's Facebook

အခုဆိုရင်တော့ ပိုင်တံခွန်လည်းမြန်မာပြည်ကိုပြန်လည်ရောက်ရှိနေပြီး ပုံမှန်လုပ်နေကျအနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပါတယ်။ဒီနေ့ရဲ့ သာယာလှတဲ့မနက်ခင်းလေးမှာတော့ ပိုင်တံခွန်က သီလရှင်နဲ့သက်ကြီးရွယ်အိုတွေကို တတ်နိုင်သလောက်လှူဒါန်းခဲ့ပါတယ်နော်။သဒ္ဒါတရားထက်သန်လွန်းတဲ့ ပိုင်တံခွန်ရဲ့စိတ်ထားလေးကချီးကျူးစရာဖြစ်လို့ ပရိသတ်ကြီးလည်းမြင်တွေ့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Paing Takhon's Facebook
Photo Credit:Paing Takhon's Facebook
Photo Credit:Paing Takhon's Facebook

Photo Credit:Paing Takhon's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။