မနေ့ညကတော့ မြန်မာလက်ရွေးစင်အသင်းဟာဂျပန်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားကြပြီး ဂျပန်အသင်းက အိမ်ရှင်မြန်မာအသင်းကို ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲအပြီးမှာတော့ ဂျပန်နည်းပြဟာ မြန်မာအသင်းကို ချီးကျူးလိုက်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

ဂျပန်လက်ရွေးစင်အသင်း နည်းပြချုပ် Hajime Moriyasuကတေတာ့ အဖွင့်ပွဲစဉ်ဖြစ်တာနဲ့ အညီ ခက်ခဲခဲ့ပါတယ်။ ဘောလုံးပွဲတစ်ပွဲမှာ အနိုင်ရဖို့က အရေးကြီးလို့ ဒီရလဒ်ကို ကျေနပ်ပါတယ်။ ကျွန်တော့် ကစားသမားတွေ ပွဲချိန်ပြည့် အာရုံစိုက် ကစားနိုင်ခဲ့လို့ သူတို့ကို ချီးကျူးချင်ပါတယ်။ပြိုင်ဘက်မြန်မာအသင်းကလည်း အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ မြင်ပါတယ်။ မြန်မာကစားသမားတွေမှာ တစ်ဦးချင်း စွမ်းရည်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့အတွက် ဒီစွမ်းရည်တွေကို စုစည်းနိုင်ရင် အနာဂတ်မှာ အသင်းကောင်းတစ်သင်း ဖြစ်လာမှာပါ။

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် Miodrag Radulovicကတော့ " အနိုင်မရခဲ့တဲ့ မပျော်ရွှင်ပေမဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် အပေါ် ကျေနပ်မိပါတယ်။ ဒီနေ့ပွဲစဉ်မှာ ကစားသမားအသစ်တွေကို အသုံးပြုခဲ့ပြီး သူတို့ကလည်း အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် နောက်ထပ် ပွဲစဉ် တွေမှာကျွန်တော့်အတွက် ရွေးချယ်စရာ ကစားသမား ပိုများလာတဲ့အတွက် အကျိုးရှိပါတယ်။ ဂျပန်အသင်းနဲ့ မြန်မာအသင်းအကြား ကွာဟမှုက အရမ်းကြီးမားပါတယ်။ ဒါပေမဲ့ မြန်မာကစားသမားတွေ သူတို့ တက်နိုင်သလောက် အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့တယ်။ဒီနေ့ပွဲစဉ်မှာ ရခဲ့တဲ့ သင်ခန်းစာတွေကို အခြေခံပြီး လာမယ့်ပွဲစဉ်တွေ အတွက် ပြင်ဆင်သွားမှာပါ " ဆိုပြီး ပြောထားခဲ့ပါတယ်။

source: MFF 's facebook 

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။