ပရိသတ်တွေရဲ့ အားပေးမှုများစွာကို တစ်ခဲနက်ရရှိထားသူတွေကတော့ ခီမောင်နှံပါ။ သူတို့ဇနီးမောင်နှံနှစ်ယောက်လုံးရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းဟာလည်း ပရိသတ်တွေရဲ့ အကြိုက်တွေနဲ့ ထပ်တူကြခဲ့တာပါ။ အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်ရသော်လည်း လျှောက်ရမယ့်ပန်းတိုင်ကို တစ်စိုက်မတ်မတ်လျှောက်လှမ်းနေကြတာပါ။ 

Photo Credit - Christina kyi's Facebook Facebook Account
Photo Credit - Christina kyi's Facebook Facebook Account

မကြာခင်မှာလည်း '' Now And Ever- ထာဝရနှောင်ကြိုး " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ရုံတင်ပြသတော့မှာ့ပါ။ ခီမောင်နှံရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာလည်း အောင်မြင်မှုတွေများစွာ ရရှိရုံသာမကပဲ သူတို့ဇနီးမောင်နှံရဲ့တစ်ယောက်အပေါ်တစ်ယောက်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း ပရိသတ်တွေက အားကျနေရတာပါ။ အခုမှာလည်း ခရစ္စတီးနားခီကတော့ သူမရဲ့ Facebook အကောင့်တွင် ပုံရိပ်လေးတစ်ခုတင်ထားတာပါ။ 

Photo Credit - Christina kyi's Facebook Facebook Account
Photo Credit - Christina kyi's Facebook Facebook Account

ဒါကတော့ သူမGym ဆော့နေတဲ့ဘေးမှာ ဇာဏ်ခီတစ်ယောက်လိုက်စောင့်ပေးနေတဲ့ ပုံရိပ်လေးပါ။ သူမရဲ့ Facebook myday တွင်လည်း " သူများ အားကစားလုပ်နေတာကို အနားမှာလာနေတာတဲ့ " ဆိုပြီး တင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Christina kyi Facebook Myday

Photo Credit - Christina kyi's Facebook Facebook Account
Photo Credit - Christina kyi's Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။