ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ အကယ်ဒမီခိုင်သင်းကြည် သင်ဇာဝင့်ကျော် နန်းဆုရတီစိုး မိုးအောင်ရင် နဲ့မြင့်မြတ်တို့ဟာဆိုရင် တစ်ခေတ်တစ်ခါကတည်းက အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းခဲ့ကြပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်လည်း မခိုင်လေး သင်ဇာ နန်းဆု မိုးအောင်ရင်နဲ့ မြင့်မြတ်တို့က အောင်မြင်မှုကိုယ်စီနဲ့ရပ်တည်နေကြတဲ့ အနုပညာရှင်တွေဖြစ်ကြပါတယ်နော်။

Photo Credit:Khine Thin Kyi's Facebook
Photo Credit:Amazing Grace
Photo Credit:Nansu Yati Soe's Facebook

မခိုင်လေးက အသက်၄၀ကျော်အရွယ်ပေမယ့် နုပျိုချောမောနေဆဲဖြစ်ပြီး သင်ဇာဆိုလည်းအရင်ကထက်အများကြီးပိုမိုက်လာပါတယ်နော်။နန်းဆုကတော့ တေးသီချင်းတွေနဲ့လူငယ်ပရိသတ်တွေကြားမှာရေပန်းစားနေပြီး မိုးအောင်ရင်နဲ့မြင့်မြတ်တို့ကတော့ လက်တလောမှာ ဇာတ်ကားအတူတူတွဲရိုက်နေကြပါတယ်။အနုပညာမောင်နှမတွေကတော့ တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ရိုင်းပင်းကူညီကြလို့ အရမ်းချစ်စရာကောင်းကြပါတယ်နော်။

Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook
Photo Credit:ဖြိုးမိုးသိင်္ခ/အေးဇော်မိုး(စက်မှု)

အခုဆိုရင်တော့ နန်းဆုရတီစိုးက လွန်ခဲ့သော၈နှစ်ကျော်က အုပ်စုလိုက်ပုံရိပ်လေးကို ထုတ်ပြပြီး"အဲ့တုန်းအချိန်တွေပြန်ရောက်သွားသလို အပျော်တွေပြန်ကူးစက်ခံစားမိ we are forever friends အမြဲနုပျိုလှပနေတဲ့ မမခိုင်လေးကလည်း ကိုယ်တွေရဲ့ဘော်ဒါပါနော်"ဆိုကာ အမှတ်တရတွေနဲ့ပြည့်နှက်နေတဲ့ ငယ်ငယ်တုန်းကပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်းတွေ့မြင်ရအောင် သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာပါတယ်နော်။

Photo Credit:ဖြိုးမိုးသိင်္ခ/အေးဇော်မိုး(စက်မှု)
Photo Credit:ဖြိုးမိုးသိင်္ခ/အေးဇော်မိုး(စက်မှု)
Photo Credit:ဖြိုးမိုးသိင်္ခ/အေးဇော်မိုး(စက်မှု)

Source:Nansu Yati Soe's Facebook/Photo Credit:ဖြိုးမိုးသိင်္ခ/အေးဇော်မိုး(စက်မှု)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။