ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားပြီး အောင်မြင်မှုတွေနဲ့ ထိပ်တန်းကနေ ရပ်တည်နေတဲ့ ပြည်သူ့အသည်းကျော်တွေကတော့ သဘာဝမင်းသားကြီး မြင့်မြတ်နဲ့ ရွှေရွှေစုံတွဲလေးပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တွေအဖြစ် ရပ်တည်နေကြတဲ့ အချစ်တော်လေးတွေကတော့ အနုပညာလောကမှာ ပရိသတ်တွေကိုယ်စီနဲ့ ယောင်္ကျားလေး မိန်းကလေးပရိသတ်မရွေး အရွယ်စုံ အားပေးချစ်ခင်ကြသူတွေလည်း ဖြစ်ပါတယ်..။


Photo Credit - Myat Wai Tun’s Facebook
Photo Credit - Htoo Khant’s Facebook

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကြပြီး မြင့်မြတ်နဲ့ ရွှေမှုံတို့ ဆရာတပည့်နှစ်ယောက်ကတော့ လတ်တလောမှာလည်း “အောက်စီဂျင်” ရုပ်ရှင်ဇာတ်ကားကြီးကို နှစ်ယောက်အတူ လက်တွဲပြီး ရိုက်ကူးသရုပ်ဆောင်နေပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တော် ရွှေရွှေစုံတွဲလေးကတော့ အခုတစ်ခါမှာလည်း သူတို့မန်နေဂျာရဲ့ မွေးနေ့လေးမှာ မြင့်မြတ်တို့ ဆရာတပည့်နှစ်ယောက်ကို ညစာလိုက်ကျွေးခဲ့တယ်လို့ ဆိုပါတယ်..။


Photo Credit - Myat Wai Tun’s Facebook
Photo Credit - Myat Wai Tun’s Facebook

ညစာအတူစားခဲ့တဲ့ အမှတ်တရပုံရိပ်လေးကိုလည်း မြင့်မြတ်ရဲ့ တပည့်ဖြစ်သူ မြတ်ဝေထွန်းက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာမို့ ပရိသတ်တွေကလည်း ကြည်နူးပျော်စရာ အမှတ်တရလေးကို သဘောကျနေကြပါတယ်..။

“Now ရွှေထူး ရွှေမှုံ တို့ရဲ့ဂျာကြီး ရွှေထက်မွေးနေ့မှာ ဆရာတပည့် ရင်ထဲမှာ အမြဲရှိနေပါတယ်..” ဆိုပြီး ဓာတ်ဖမ်းထားကြတဲ့ အမှတ်တရပုံရိပ်လေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်တာပဲ ဖြစ်ပါတယ်..။

Photo Credit - Myat Wai Tun’s Facebook
Photo Credit - Myat Wai Tun’s Facebook

Photo Credit - Myat Wai Tun’s Facebook၊ Htoo Khant’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။