ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်ဟာဆိုရင် သမီးချောလေးတစ်ယောက်ကိုမွေးဖွားထားတဲ့ မိခင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံကလည်း သမီးလေးကိုအရမ်းချစ်ကြပြီး ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားကြတာပါ။စန္ဒီမြင့်လွင်ရဲ့ သမီးလေး Treasure ကိုလည်း တစ်မိသားစုလုံးကိုအရမ်းချစ်ကြကာ အမြဲတမ်းချီပိုးပြီးထိန်းကျောင်းနေကြတာဖြစ်ပါတယ်။

Photo Credit:Thidar Khin's Facebook/Dee Dee's Facebook
Photo Credit:Thidar Khin's Facebook/Dee Dee's Facebook
Photo Credit:Thidar Khin's Facebook/Dee Dee's Facebook

Treasure လေးကတော့ မေမေစန္ဒီမြင့်လွင်နဲ့လည်းတူသလို ဖေဖေနဲ့လည်းတူတာကြောင့် အလှတွေစုပြုံပြီးအရမ်းချစ်စရာကောင်းပါတယ်။အခုဆိုရင် Treasure လေးက ၀၀ကစ်ကစ်လေးနဲ့ တစ်လုံးတစ်ခဲကြီးချစ်ဖို့ကောင်းတာဖြစ်လို့ ပရိသတ်တွေကလည်းအရမ်းချစ်ကြပါတယ်နော်။အခုရက်ပိုင်းမှာ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံက စင်ကာပူကိုအလည်အပတ်ခရီးထွက်နေကြတာဖြစ်ပါတယ်။

Photo Credit:Thidar Khin's Facebook/Dee Dee's Facebook
Photo Credit:Thidar Khin's Facebook/Dee Dee's Facebook
Photo Credit:Thidar Khin's Facebook/Dee Dee's Facebook

Treasure လေးကတော့ ဖွားဖွားတို့နဲ့နေခဲ့တာဖြစ်ပြီး ဖွားဖွားကတော့ မြေးမလေးကို သေသေချာချာဂရုစိုက်ပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ရေချိုးထားပြီး ဂါဝန်လှလှလေးနဲ့အရမ်းချစ်စရာကောင်းနေတဲ့ Treasure လေးရဲ့ပုံကို ဖွားဖွားက လူမှုကွန်ယက်စာမျက်နှာမှာမျှဝေကာ"treasure lay ရေချိုးပီးပီနော်မေမေ"ဆိုပြီး မေမေစန္ဒီမြင့်လွင်အလွမ်းပြေအောင်လို့ ချစ်စရာပုံရိပ်လေးကိုမျှဝေထားပါတယ်နော်။

Photo Credit:Thidar Khin's Facebook/Dee Dee's Facebook
Photo Credit:Thidar Khin's Facebook/Dee Dee's Facebook
Photo Credit:Thidar Khin's Facebook/Dee Dee's Facebook

Photo Credit:Thidar Khin's Facebook/Dee Dee's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။