လူရွှင်တော်လောကထဲမှာ ဟားငါးကောင်အဖွဲ့ရဲ့ ခေါင်းဆောင်အပြင် အခြား အနုပညာဘက်တွေမှာလည်း ထူးချွန်တဲ့ လူရွှင်တော်တိုင်းကျော်ကိုတော့ အားလုံးလည်း သိမယ်ထင်ပါတယ်။ ထူခြားတဲ့ ဟာသပညာရပ်တွေနဲ့ ပရိသတ်တွေအကြိုက်ဖျော်ဖြေနိုင်ခဲ့ပြီး ပြည်တွင်းထိပ်တန်းလူရွှင်တော်တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။  

photos credit - Taing Kyaw fb account
photos credit - Taing Kyaw fb account
photos credit - Taing Kyaw fb account

တိုင်းကျော်ကတော့ လက်ရှိ အောင်မြင်နေတဲ့ လူရွှင်တော်တစ်ယောက်ဖြစ်တဲ့အပြင် ဂီတဘက်ကိုလည်း လုပ်ဆောင်လျှက်ရှိတာတွေ့ရပါတယ်။ ကျေးဇူးရွှင်ကို ကျေးဇူးသိတက်သူတစ်ယောက်ဖြစ်ပြီး အတိတ်ကကျေးဇူးရှင်တွေကိုလည်း မကြာခဏပြောပြတက်သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ မကြာသေးမီကလည်း တိုင်းကျော်ကတော့ အတိတ်ကကျေးဇူးရှိဖူးတဲ့ လူရွှင်တော် ဦးဧရာနဲ့ပတ်သက်ပြီး ြပောပြထားတာတွေ့ရပါတယ်။  

photos credit - Taing Kyaw fb account
photos credit - Taing Kyaw fb account
photos credit - Taing Kyaw fb account

အဆိုပါ စာသားလေးကတော့ "တိုင်းကျော် ထမင်း စားပြီးပြီလား

စားပြီးပြီဆရာ၊မုသားသုံးလိုက် ရပင်မဲ့ဗိုက်ကတော်တော်ဆာနေပြီလေ

စဉ်းစား ကြည့်ပေါ့ ဗျာ ၊ အိမ်ကထည့်လာတဲ့

ပိုက်ဆံ က ၁ထောင်၊ အထူးကားခကအသွား၂၀၀

အပြန်၂၀၀ ၊ စုစုပေါင်း ၄၀၀ ဗီဒီယို ထဲ ပါရရင်

ပြီးရောဆိုတဲ့ မျှော် လင့်ချက်နဲ့ ၃၅လမ်းမှာ

တနေကုန် ထိုင်ရဖို့ကော်ဖီတခွက်တော့ ၊ သောက်

ရတယ် လေ ၊ အားလုံးပေါင်းတော့ငွေ၅၀၀ကုန်ပြီ

ဒီတော့ ဘားလမ်းကစမိုင်နဲ့ဆန်ပြုတ်တွဲရောင်းတဲ့

ဆိုင်မှာ ထိုင် ဆန်ပြုတ်၂ ပန်းကန်၂ရာဖိုးသောက်

ရတာနေ့တိုင်းလေ ၊ အဓိက ပြောချင်တာက

ထမင်းမစားရသေးတာ ဒီတနေ့ထဲမဟုတ်ဘူး

နေ့တိုင်းဆိုတာပါ ၊ ဒါပင်မဲ့ ဆရာမေးတော့

စားပြီးပါပြီလို့ပြောလိုက်ပင်မဲ့ ဆရာ မယုံပါဘူး

ပိုက်ဆံ ၅ထောင်မုန့်ထိုးထုပ်ပေးတယ်

သွားထမင်းသွားစားတဲ့ ၊ အဲ့ဒီ့တရက် ကျွန်တော်

၃၅လမ်းမှာ ထမင်း စားခဲ့ရတယ် လေ............

သြော် ကျွန်တော် ပြောတဲ့ ဆရာဆိုတာ

လူရွှင်တော် ဧရာ တဲ့ ဗျာ" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ ဦးဧရာရဲ့ ပုံရိပ်လေးနဲ့အတူ ကျေးဇူးရှင်ကို ပြသခဲ့တဲ့ တိုင်းကျော်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

photos credit - Taing Kyaw fb account  

photos credit - Taing Kyaw fb account
photos credit - Taing Kyaw fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။