သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ဇာတ်ရုပ်တိုင်းက ပီပြင်အသက်ဝင်လာအောင် အကောင်းဆုံးသရုပ်ဖော်ဖန်တီးနိုင်တဲ့ အနုပညာအရည်အချင်းတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်အားပေးမှုများစွာနဲ့ အနုပညာလောကမှာ အခိုင်အမာရပ်တည်နေတဲ့ ခေးဆက်သွင်က လတ်တလောမှာလည်း " နှင်းဆီ " ဇာတ်လမ်းတွဲလေးနဲ့ လူကြိုက်များအောင်မြင်နေပြန်ပါတယ်။

Photo Credit-Khay Sett Thwin's FB
Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB

MTRV-4 မှာ ထုတ်လွှင့်ပြသနေတဲ့ "နှင်းဆီ" ဇာတ်လမ်းတွဲလေးမှာတော့ စည်သူဝင်း၊ ရှင်မွေလ၊ ခေးဆက်သွင်နဲ့ ဝေလာရီတို့က အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ "နှင်းဆီ" ဇာတ်လမ်းတွဲထဲက စည်သူဝင်း၊ ခေးဆက်သွင်နဲ့ ဝေလာရီတို့က Facebook Live Chat အစီအစဉ်လေးအတွက် အတူဆုံတွေ့ခဲ့ကြပါတယ်။ အခုလည်း သူတို့သုံးယောက်က ပျော်ပျော်ပါးပါးရိုက်ကူးထားတဲ့ အမှတ်တရပုံလေးတွေကို တင်ထားပါသေးတယ်။

Photo Credit-Si Thu Win's FB
Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB

ခေးဆက်သွင်က " မော်လား နှင်းလား???ရှင်းရှင်းလင်းလင်းပြောပါ အကိုကျော်" ဆိုပြီး မေးခွန်းလေးထုတ်ထားသလို စည်သူဝင်းကလည်း " နှစ်ယောက်စလုံးကိုလည်းချစ်တယ် နှစ်ယောက်စလုံးကလည်းချစ်တယ် ငါ့ကိုယ်ငါဘဲ..." ဆိုပြီး ပြောထားပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နှင်းဆီဇာတ်လမ်းတွဲလေးထဲက စည်သူဝင်း၊ ခေးဆက်သွင်နဲ့ ဝေလာရီတို့ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Si Thu Win's FB, Khay Sett Thwin's FB & Wai Lar Ri 's FB

Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB
Photo Credit-Khay Sett Thwin's FB
Photo Credit-Wai Lar Ri's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။