ပရိသတ်ကြီးရေ အကယ်ဒမီ၂ဆုရှင် ထက်ထက်မိုးဦးဟာဆိုရင် ၁၉၉၆မှာ"ပန်းသခင်"ဆိုတဲ့ဇာတ်ကားကြီးနဲ့ ၂၀၀၁ခုနှစ်မှာ"သမီးမိုက်"ဆိုတဲ့ဇာတ်ကားကြီးနဲ့အကယ်ဒမီတွေရရှိခဲ့တာပဲဖြစ်ပါတယ်။ထက်ထက်မိုးဦးက တစ်ခေတ်တစ်ခါမှာ ပရိသတ်တွေအရမ်းကြိုက်နှစ်သက်ရတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူမတူတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်နော်။

Photo Credit:Myo Minn Soe's Facebook
Photo Credit:Myo Minn Soe's Facebook

အခုချိန်မှာဆိုရင်တော့ ထက်ထက်မိုးဦးက ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေနဲ့နည်းနည်းအလှမ်းဝေးနေပေမယ့် အခုဆိုရင် အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်လာပြီး ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ပြန်လည်ရယူနေပါတယ်။ပရိသတ်တွေကလည်း အကယ်ဒမီထက်ထက်မိုးဦးကို တစ်ခဲနက်အားပေးဝန်းရံကြပြီး အနုပညာအလုပ်တွေကိုပြန်လည်လုပ်ဆောင်ဖို့ မျှော်လင့်နေကြတာပါနော်။

Photo Credit:Myo Minn Soe's Facebook
Photo Credit:Myo Minn Soe's Facebook

ထက်ထက်မိုးဦးက လက်တလောမှာ ဖိတ်ကြားလာတဲ့ပွဲအခမ်းအနားတွေကိုတက်ရောက်နေပြီး ခေတ်စားနေတဲ့Tiktokလေးကိုလည်း ဒီဇိုင်နာမျိုးမင်းစိုးနဲ့အတူတူအမြဲတမ်းရိုက်နေတာကိုတွေ့ရပါတယ်။အခုဆိုရင်လည်း ဒီဇိုင်းနာမျိုးမင်းစိုးနဲ့ထက်ထက်မိုးဦးတို့က တစ်ခါမှမရိုက်ဖူးသေးတဲ့ Tiktok ပုံစံလေးကို အဆွေးသီချင်းလေးနဲ့သရုပ်ဆောင်နေတဲ့ဗီဒီယိုဖိုင်ကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Myo Minn Soe's Facebook
Photo Credit:Myo Minn Soe's Facebook

Photo Credit:Myo Minn Soe's Facebook

Vedio Credit:Myo Minn Soe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။