သရုပ်ဆောင်ဘက်တွင်သာမကပဲ အဆိုကောင်းသူတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့သတ်မှတ်ခြင်းခံထားရသူကတော့ မင်းသမီးချောလေး နန်းဆုရတီစိုးပါ။ သူမဟာ အနုပညာအလုပ်တွေကို ဆယ်စုနှစ်တစ်ခုတိုင်အောင် ကြိုးစားပမ်းစားလုပ်ကိုင်နေသူတစ်ယောက်ပါ။ ကိုရီးယားမင်းသမီးတစ်ယောက်လို ဖြူဥနေတဲ့ အသားအရည်ကိုပိုင်ဆိုင်ထားတာကြောင့်လည်း မိန်းကလေး ပရိသတ်တွေက အားကျနေရတာပါ။

Photo Credit - Nansu Yati Soe's Facebook
Photo Credit - RVB Photography

သူမဟာ လတ်တလောမှာလည်း ပွဲအခမ်းအနားများတက်ရောက်နေရတာပါ။ မကြာခင်မှာလည်း နန်းဆုရဲ့ မွေးနေ့လေးကျရောက်တော့မှာပါ။ သူမရဲ့မွေးနေ့လေးမှာ ချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ Fan Meeting လေးလုပ်ဖို့ရှိနေတာပါ။

Photo Credit - Moe Aung Yin's Facebook Account
Photo Credit - Moe Aung Yin's Facebook Account

နန်းဆုရဲ့ Facebook Myday လေးမှာ မကြာသေးခင်က ပို့စ်တစ်ခုတင်ထားတာပါ။ ဒါကတော့ မိုးအောင်ရင်ရဲ့ ဖုန်း Contact ထဲတွင် သူမ မမှတ်မိတော့တယ့် ဖုန်းနံပါတ်လေးတွေပါ ရှိနေတာကြောင့် အံ့အားသင့်ခဲ့ရတာပါ။ နန်းဆုရဲ့ Facebook myday တွင်လည်း " မိုးအောင်ရင်ဖုန်းထဲက ကိုယ့်ရဲ့ဖုန်းနံပါတ် list တွေ ဘယ်ဖုန်းကိုင်နေလည်းတဲ့ ကိုယ်အော်ရီချပလိုက်တယ် ကိုယ်တောင်မမှတ်မိတော့တယ့်ဖုန်းတွေ သြော် ဆယ်နှစ်ကျော် ပေါင်းလာကြတော့ တစ်သက်လုံးကိုင်လာတဲ့ ဖုန်းတွေ ရှိနေတာပေါ့ " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Nansu Yati Soe's Facebook Account 

Photo Credit - Moe Aung Yin's Facebook Account
Photo Credit - Nansu Yati Soe's Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။