လာမယ့် အောက်တိုဘာလ ၄ ရက်နေ့ မန္တလေးမြို့မှာ ကျင်းပပြုလုပ်မည့် FEARLESS TIGERS (WLC ) ပြိုင်ပွဲကြီးကို ပရိသတ်တွေလည်း စိတ်ဝင်တစားရှိနေကြမယ်ထင်ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ ပြည်တွင်း နာမည်ကြီးဖိုက်တာများစွာပါဝင်ထိုးသတ်ကြမှာဖြစ်ပြီး ပြည်ပဖိုက်တာတွေကိုလည်းဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ အဆိုပါ ပြိုင်ပွဲတွင် ပရိသတ်တွေစိတ်ဝင်တစားရှိနေတဲ့ မြန်မာ့ကိုယ်စားပြု ဗြိတိန်ဖိုက်တာမလေး Nicola the Burmese Pythonလည်း ပါဝင်ထိုးသတ်မှာဖြစ်ကြောင်း သိရပါတယ်။  

pHOTOS CREDIT - AUNG LA NSANG'S FB ACCOUNT
pHOTOS CREDIT - AUNG LA NSANG'S FB ACCOUNT

အဆိုပါ ပြိုင်ပွဲကတော့ ပရိသတ်အချစ်တော် အောင်လအန်ဆန်းရဲ့ ပြိုင်ပွဲမတိုင်မီကျင်းပပြုလုပ်မှာဖြစ်ပြီး ပြိုင်ပွဲနဲ့ပတ်သက်ပြီး Nicola the Burmese Python ကတော့ ကြိုးစားပြင်ဆင်မှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ Nicola the Burmese Python ရဲ့ ပြိုင်ပွဲနဲ့ပတ်သက်ပြီး အောင်လအန်ဆန်းကတော့ သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်ကတဆင့်ပြသထားပြီး အားပေးဖို့ရှိနေကြောင်း သိရပါတယ်။  

pHOTOS CREDIT - AUNG LA NSANG'S FB ACCOUNT
pHOTOS CREDIT - AUNG LA NSANG'S FB ACCOUNT

ပထမဆုံး မြန်မာ့လက်ဝှေ့ပွဲဖြစ်တာကြောင့် ရန်ခုန်မှုအချို့ရှိနေပေမယ့် မြန်မာနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်မှာဖြစ်တာကြောင့် အကောင်းဆုံးပြင်ဆင်လျှက်ရှိကြောင်း သိရပါတယ်။ ပရိသတ်အချစ်တော် အောင်လအန်ဆန်းကိုယ်တိုင် လာရောက်အားပေးနိုင်ဖွယ်ရှိနေတဲ့ FEARLESS TIGERS (WLC ) ပြိုင်ပွဲကြီးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS CREDIT - AUNG LA NSANG'S FB ACCOUNT

pHOTOS CREDIT - AUNG LA NSANG'S FB ACCOUNT
pHOTOS CREDIT - AUNG LA NSANG'S FB ACCOUNT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။