စိုးပြည့်သဇင်ကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ အနပညာရှင်တစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလဲ အခိုင်အမာရရှိထားခဲ့သူပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ စိုးပြည့်လေးကတော့ အကယ်ဒမီရွှေစင်ရထုတွေကိုလဲ ပိုင်ဆိုင်နိုင်တဲ့ အထိအောင်မြင်နေတဲ့ အနပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : Soe Pyae Thazin 's facebook
photo credit : Soe Pyae Thazin 's facebook

စိုးပြည့်လေးကတော့ ညီအမတွေဖြစ်ကြတဲ့ စိုးမြတ်နန္ဒာ စိုးမြတ်သူဇာ စန္ဒီမြင့်လွင်တို့နဲ့ အတူ မင်းသမီး ပိုးထည်တိုက်ကို ဖွင့်လှစ်ထားပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုရယူထားနိုင်တဲ့ စိုးပြည့်ကတော့ ယခုမှာ အနပညာလောကတွင် ဆက်လက်လျှောက်လှမ်းနေသူလေးပဲ ဖြစ်ပါတယ်။

photo credit : Soe Pyae Thazin 's facebook
photo credit : Soe Pyae Thazin 's facebook
photo credit : Soe Pyae Thazin 's facebook

ယခုမှာတော့ စိုးပြည့်လေးဟာ သူမနဲ့ လုံးဝခွဲခြားလို့မရအောင် ချွတ်စွတ်တူတဲ့ ပန်းချီကားလေးကြောင့် အတိုင်းမသိပျော်ရွှင်နေပါတယ်။ စိုးပြည့်လေးကတော့ " ပန်းချီတွေကိုနှစ်သက်တယ်.. " ဆိုပြီး သူမရဲချွတ်စွတ်တူတဲ့ ပန်းချီပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် စိုးပြည့်လေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

source: Soe Pyae Thazin 's facebook 

photo credit : Soe Pyae Thazin 's facebook
photo credit : Soe Pyae Thazin 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။