မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး အောင်ရဲလင်းဟာဆိုရင်တော့ဖြင့် မိန်းကလေးပရိသတ်တွေရဲ့အားပေးဝန်းရံမှုကို အများဆုံးရရှိထားတဲ့ ကိုလူချောလေးတစ်ယောက် ဖြစ်ပါတယ်။ အရပ်ရှည်ပြီး တောင့်တင်းကျစ်လျစ်တဲ့ Body အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ အောင်ရဲလင်းက ဖက်ရှင်နဲ့ပတ်သက်ရင်လည်း စမတ်ကျကျ ဝတ်စားဆင်ယင်တတ်သူ ဖြစ်ပါတယ်။

Photo Credit- Amazing Grace Photography
Photo Credit- Aung Ye Lin's IG

လက်ရှိမှာတော့ အောင်ရဲလင်းက သီချင်းဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတဲ့အပြင် အမိုက်စား Photo Shooting တွေလည်း လက်ခံရိုက်ကူးနေရပါတယ်။ အခုရက်ပိုင်းမှာတော့ အောင်ရဲလင်းတစ်ယောက် ဇာတ်ကားအသစ်အတွက် ပြင်ဆင်နေတဲ့ပုံရိပ်တွေကို မျှဝေပေးနေတာ တွေ့ရပါတယ်။ အခုလည်း အောင်ရဲလင်းက သေနတ်တစ်လက်ကို တစ်စစီပြန်တပ်ပြီး Taining ဆင်းနေတဲ့ဗီဒီယိုလေးကို တင်ထားပါတယ်။

Photo Credit- Aung Ye Lin's IG
Photo Credit- Aung Ye Lin's IG

ဒီဗီဒီယိုလေးမှာတော့ အောင်ရဲလင်းက သေနတ်တစ်လက်ကို စိတ်ရှည်လက်ရှည်နဲ့ အချိန်ခဏလေးအတွင်းမှာတင် အစအဆုံး သေသေချာချာပြန်လည်တပ်ဆင်ပြသွားတာ တွေ့ရပါတယ်။ ရိုက်ကူးရေးအတွက် လေ့ကျင့်နေတဲ့ အောင်ရဲလင်းကတော့ ဘယ်အချိန်ကြည့်ကြည့် အထာကျပြီး မိမိုက်နေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေး အောင်ရဲလင်းရဲ့ အမိုက်စားဗီဒီယိုဖိုင်လေးကို အောက်မှာပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Aung Ye Lin's Instagram Acc

Photo Credit- Aung Ye Lin's IG
Photo Credit- Aung Ye Lin's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။