ပရိသတ်ကြီးရေ အဆိုတော်ဂရေဟမ်ဟာဆိုရင် တစ်ခေတ်တစ်ခါကတည်းက တေးသီချင်းလောကမှာအောင်မြင်မှုတွေရရှိခဲ့ပြီး ယနေ့အချိန်ထိတိုင် ဂရေဟမ်ရဲ့တေးသီချင်းတွေက ဘယ်တော့မှမရိုးသွားပါဘူးနော်။ဂရေဟမ်ကတော့ သမီးချောလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားပြီး မိသားစုလေးယောက်ချစ်ချစ်ခင်ခင်နဲ့ အေးအတူပူအမျှနေထိုင်နေကြလို့ ဂရေဟမ်ရဲ့မိသားစုလေးကိုလည်း ပရိသတ်တွေကချစ်ကြပါတယ်။

Photo Credit:Phonn Photography
Photo Credit:Phonn Photography
Photo Credit:Phonn Photography

သမီးချောတွေဖြစ်ကြတဲ့ ပန်းရောင်ခြယ်နဲ့ပန်းသွန်းခြယ်တို့ ညီအစ်မနှစ်ယောက်ကလည်း အရမ်းချောကြပြီး ပုရိသတွေဝန်းရံနေရတဲ့ မိန်းကလေးတွေပဲဖြစ်ကြပါတယ်။ပန်းရောင်ခြယ်နဲ့ပန်းသွန်းခြယ်တို့က အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ကိုင်နေကြပြီး သမီးကြီးပန်းရောင်ခြယ်ကတော့ ဖေဖေဂရေဟမ်နဲ့အတူ အနုပညာအလုပ်တွေကို ပိုပြီးတွဲလုပ်ဖြစ်တာကို ပရိသတ်ကြီးလည်းတွေ့မြင်နေရမှာပါ။

Photo Credit:Phonn Photography
Photo Credit:Phonn Photography
Photo Credit:Phonn Photography

ဂရေဟမ်ကလည်း သမီးနှစ်ယောက်လုံးကို အနုပညာလမ်းကြောင်းပေါ်ကို လက်တွဲခေါ်ယူပြီး သေသေချာချာသင်ကြားပြသပေးနေတာပဲဖြစ်ပါတယ်။အခုဆိုရင်တော့ ဂရေဟမ်တို့မိသားစုလေးယောက်က "at the MITSUBISHI XPANDER Media Test Drive event"ပွဲလေးကို တက်ရောက်ကြပြီး မိသားစုလေးယောက်ရဲ့ဒီဇိုင်းတွေကအရမ်းလန်းနေပြီး မိမိုက်နေတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phonn Photography
Photo Credit:Phonn Photography
Photo Credit:Phonn Photography

Source:Pan Yaung Chel's facebook

Photo Credit:Phonn Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။