ကမ္ဘာ့အနှံ့က ဖိုက်တာတွေသိရှိလာပြီဖြစ်တဲ့ မြန်မာ့လက်ဝှေ့ပြိုင်ပွဲတွေကို ပရိသတ်တွေလည်း ကြိုက်နှစ်သတ်ကြမယ်ထင်ပါတယ်။ လက်ရှိ ထိုင်းနိုင်ငံ ၊ဂျပန်နိုင်ငံနဲ့ ပြည်ပနိုင်ငံအချို့မှာ ပြုလုပ်လျှက်ရှိပြီး ပြည်ပဖိုက်တာများစွာလည်း လာရောက်ထိုးသတ်လျှက်ရှိတာတွေ့ရပါတယ်။ မြန်မာ့လက်ဝှေ့ပညာကို သင်ယူနေတဲ့ နိုင်ငံခြားသားတွေလည်း ပိုမိုများပြားလာသလို ထိုင်းမွေသိုင်းပညာကဲ့သို့ လူသိများလာပြီပဲဖြစ်ပါတယ်။ 

PHOTOS & vide0 CREDIT = နိုင်လင်းထွန်း ဖေ့စ်ဘွက်
PHOTOS & vide0 CREDIT = နိုင်လင်းထွန်း ဖေ့စ်ဘွက်

လက်ရှိ ဂျပန်နိုင်ငံသားဖိုက်တာများစွာကတော့ မြန်မာ့လက်ဝှေ့ကို လာရောက်ထိုးသတ်လျှက်ရှိပြီး အထက်တန်းဖိုက်တာတွေလည်း ပေါ်ထွက်လျှက်ရှိတာတွေ့ရပါတယ်။ မကြာသေးမီကလည်း မြန်မာနာမည်ကြီးဖိုက်တာတစ်ဦးဖြစ်တဲ့ ဗျဂ္ဃနဲ့အတူ လာရောက်ထိုးသတ်ခဲ့တဲ့ ဂျပန်ဖိုက်တာ ဟီဂါရှီ တို့ရဲ့ ပွဲကောင်းလေးကိုတော့ ပရိသတ်တွေလည်း ကြည့်ရှု့ကြမယ်ထင်ပါတယ်။ စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲဖြစ်ခဲ့သလို အလူးအလဲထိုးသတ်ခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာတော့ မြန်မာ့ဖိုက်တာရဲ့ ထိုးသတ်မှုတွေကြောင့် ခေါင်းကွဲမှုတွေနဲ့အတူ ထိခိုက်မှုဆိုးရွားခဲ့ကြောင်း သိရပါတယ်။  

PHOTOS & vide0 CREDIT = နိုင်လင်းထွန်း ဖေ့စ်ဘွက်
PHOTOS & vide0 CREDIT = နိုင်လင်းထွန်း ဖေ့စ်ဘွက်

၎င်း ပြိုင်ပွဲအပြီး ဟီဂါရှီကတော့ သူ့ရဲ့ လူမှုစာမျက်နှာပေါ်တွင် "လက်ဝှေ့ပွဲပြီး ညဘက်ရောက်တော့ ကျွန်တော့် ဒူးက အရမ်းနာလာတယ်။ ဒီလိုနာတာမျိုးကို တစ်ခါမှ မခံစားဖူးဘူး။ အဲ့ဒါကြောင့် မစ္စတာနာကာမူရာကို အကြောင်းကြားပြီး ပွဲတာဝန်ရှိသူတွေရယ် နယူးဇီလန်က ကို Livingstone Saw တို့နဲ့အတူ ဆေးရုံကို ညတွင်းချင်း သွားခဲ့ကြတယ်။ ဒူးကို ဓါတ်မှန်ရိုက်ကြည့်တော့ ဒူးမှာ ဘာဒဏ်ရာမှမတွေ့ဘူး။ ဒါပေမယ့် ဆရာဝန်က ကျွန်တော့်ကို ရက်အနည်းငယ် အနားယူဖို့ ပြောခဲ့တယ်။ ကျွန်တော့်ကို အကူအညီပေးတဲ့ လူအားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော် သေချာအနားယူပြီး ကြိုးဝိုင်းထဲကို ပြန်လာခဲ့ပါမယ်။ ကျွန်တော့်ခေါင်းက ကွဲတဲ့ဒဏ်ရာတွေကို ပွဲမှာ သေချာစိတ်ရှည်လက်ရှည်နဲ့ ချုပ်ပေးတဲ့ ဆရာဝန်ကြီးနဲ့ အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါကျွန်တော့်အတွက် မြန်မာမှာ ပထမဆုံးခေါင်းချုပ်ရခြင်းပါပဲ။" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ ပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တဲ့ ဗျဂ္ဃနဲ့ ဟီဂါရှီတို့ရဲ့ပွဲလေးကို မျှဝေပေးလိုက်ပါတယ်။

PHOTOS & vide0 CREDIT = နိုင်လင်းထွန်း ဖေ့စ်ဘွက်

PHOTOS & vide0 CREDIT = နိုင်လင်းထွန်း ဖေ့စ်ဘွက်
PHOTOS & vide0 CREDIT = နိုင်လင်းထွန်း ဖေ့စ်ဘွက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။