လိပ်ကျွန်းလူသတ်မှုကြောင့်ဖမ်းဆီးခံထားရတဲ့ ဝင်းနဲ့ဇော်အတွက် နောက်ဆုံးမျှော်လင့်ချက်လို့

ဆိုပြီး ရုပ်ရှင်သရုပ်ဆောင်စည်ဖြိုးတို့ညီအကို နဲ့ သူတို့ရဲ့ အဒေါ်ဖြစ်သူ နာမည်ကျော် အကြားအမြင်ဆရာမ

အီးတီတို့ဟာ ကွယ်လွန်ပြီးတဲ့ ထိုင်းဘုရင်မင်းမြတ် ၊ ဝင်းနဲ့ ဇော်တို့ရဲ့ပုံတွေကိုကိုင်ဆောင်ပြီး ထိုင်းသံရုံးရှေ ့မှာ

ဆန္ဒပြခဲ့ပါတယ် ။

မြန်မာနိုင်ငံသား ဝင်းနဲ့ဇော်တို့ဟာ လိပ်ကျွန်းမှာ အလုပ်လုပ်နေကြတဲ့လူငယ်တွေဖြစ်ပြီး

နိုင်ငံခြားသားစုံတွဲကိုသတ်မှုနဲ့ အဖမ်းခံထားခဲ့ရတာကြာပါပြီ ။ အယူခံတွေ အဆင့်ဆင့်ဝင်သော်လည်းခုချိန်ထိ

ပြန်လည်လွတ်မြောက်ခြင်းမရှိသေးပါဘူး ။ မြန်မာနိုင်ငံသားအများစုကတော့ ဝင်းနဲ့ဇော်မှာအပြစ်မရှိဘူးလို့ယူဆကာ

ထိုင်းအစိုးရကို ပြန်လည်လွှတ်ပေးဖို့တောင်းဆိုကြပါတယ် ။ ယခုသရုပ်ဆောင် စည်ဖြိုးနဲ့ သူ့ညီ ၊ သူ့အဒေါ်ဖြစ်သူတို့ဟာ

ဒီကိစ္စအတွက် နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ ထိုင်းအစိုးရကို ငြိမ်သက်စွာဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီး

ပရိတ်သတ်များအပြင် မင်းမော်ကွန်း၊ခင်လှိုင် အစရှိတဲ့ အခြားအနုပညာရှင်များကပါ စည်ဖြိုးတို့ကိုထောက်ခံအားပေးနေကြကြောင်း သိရှိရပါတယ် ။

Source : စည်ဖြိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။