Beauty Blogger အဖြစ် Makeup Tutorial Video လေးတွေနဲ့ စတင်အောင်မြင်လာခဲ့တဲ့ နေခြည်ဦးက ယနေ့အချိန်မှာတော့ ရုပ်ရှင်သရုပ်ဆောင်မင်းသမီးအဖြစ် ရပ်တည်နေရပြီ ဖြစ်ပါတယ်။ နေခြည်ဦးက တက်သစ်စသရုပ်ဆောင်ဆိုပေမယ့် သူမရဲ့ကြိုးစားအားထုတ်မှုကြောင့် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးနဲ့တင် ပရိသတ်တွေရဲ့လက်ခံအားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Nay Chi Oo's Facebook
Photo Credit-Amazing Grace Photography
Photo Credit-Nay Chi Oo's Facebook

ဒါကြောင့် နောက်ပိုင်းမှာတော့ နေခြည်ဦးက ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးလာရတဲ့အပြင် ကြော်ငြာနဲ့ ဇာတ်လမ်းတွဲလေးတွေလည်း ထပ်မံရိုက်ကူးနေရပါတယ်။ လက်ရှိမှာလည်း နေခြည်ဦးက "အိပ်မက်တွေမိုးထားတဲ့အိမ်" ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်နေရပါတယ်။ ဒီနေ့မှာတော့ နေခြည်ဦးက ဗိုလ်တထောင်ဘုရားမှာရှိတဲ့ နတ်နန်းကို သွားရောက်ဖူးမြော်ခဲ့တဲ့ပုံရိပ်လေးတွေကို တင်ထားပါတယ်။

Photo Credit-Nay Chi Oo's Facebook
Photo Credit-Amazing Grace Photography
Photo Credit-Nay Chi Oo's Facebook

နေခြည်ဦးက " ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရရပါစေ မယ်တော်နဲ့ အစ်မတော် " ဆိုပြီး ဗိုလ်တထောင်ဘုရားမှာရှိတဲ့ အစ်မမြနန်းနွယ်ရဲ့နတ်နန်းမှာ ဆုတောင်းနေတဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ နေခြည်ဦးတစ်ယောက် မယ်တော်နဲ့ အစ်မတော်အရှေ့မှာ လက်အုပ်လေးချီပြီး ရိုရိုသေသေနဲ့ ဆုပန်နေတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နေခြည်ဦးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Nay Chi Oo's Facebook

Photo Credit-Nay Chi Oo's Facebook
Photo Credit-Nay Chi Oo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။