မြန်မာ့သံတေးသီချင်းမြောက်များစွာကို သီဆိုအောင်မြင်ထားတဲ့ အဆိုတော် မနောကိုတော့ အားလုံးသိပြီးဖြစ်မယ်ထင်ပါတယ်။ ပရိသတ်တွေရင်ထဲအထိရောက်ခဲ့တဲ့ တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း တေးသီချင်းအသစ်တွေထပ်မံထုတ်လုပ်လျှက်ရှိတာတွေ့ရပါတယ်။ မနောရဲ့ သီချင်းတွေထဲမှာတော့ "ဗိုလ်အောင်ဒင်၊ မိချော" သီချင်းတွေကတော့ ပရိသတ်တွေနားထဲမှာ ယနေ့အထိစွဲထင်နေဆဲဖြစ်မယ်ထင်ပါတယ်။  

Photos credit - Mannaw's fb account
Photos credit - Mannaw's fb account

ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပြီး အလှူအတန်းနဲ့ ကုသိုလ်ရေးတွေမှာ အမြဲပါဝင်တက်သူတစ်ယောက်ဖြစ်ကာ နေ့စဉ်ကောင်းမှုကုသိုလ်တွေလုပ်ဆောင်တက်သူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ မနောကတော့ သီချင်းအသစ်တွေထပ်မံလုပ်ဆောင်နေပြီး ပရိသတ်တွေအတွက် မကြာမီပြသနိုင်ရန်ကြိုးစားလျှက်ရှိကြောင်း သိရပါတယ်။ ဒီကနေ့မှာလည်း မနောကတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့ကို ရောက်ရှိနေပြီး ရိုက်ကူးမှုတွေပြုလုပ်လျှက်ရှိကြောင်း သိရပါတယ်။  

Photos credit - Mannaw's fb account
Photos credit - Mannaw's fb account

တေးသံရှင်မနောရဲ့ စာသားလေးကတော့ "သီချင်းအသစ်လေးလာတော့မယ် ထိုင်နိုင်ငံ ဘန်ကောက်မှာ ရိုက်ကူးရေးလေး လုပ်ခဲ့တယ်

ကျွန်တော်တို့ မြန်မာတွေတော်တော်များများဟာသူများနိုင်ငံမှာအလုပ်သမားဘဝနဲ့ငွေရှာနေရတာ

မြင်ရသိရတော့စိတ်ထဲမကောင်းဘူးဗျာ နောက်နှစ်တွေမှာ ပညာရှင်ဘဝနဲ့သွားနိုင်အောင် ကြိုးစားကြပါ

သူငယ်ချင်းတို့ရေ ဒီထက်မကအောင်မြင်ပါစေငွေတွေစုပြီးကိုယ့်ပြည်ကိုယ့်ရွာအမြန်ပြန်နိုင်ပါစေ မိသားစုနဲ့အတူနေထိုင်နိုင်ပါစေဗျာ" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက် မနောရဲ့ ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို အားပေးဖို့ မျှဝေပေးလိုက်ပါတယ်နော်။

Photos credit - Mannaw's fb account 

Photos credit - Mannaw's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။