ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မိုးအောင်ရင်ဟာဆိုရင် တစ်ခေတ်တစ်ခါတည်းက အနုပညာအလုပ်တွေကိုလုပ်ဆောင်ခဲ့ပြီး စီနီယာတွေရဲ့စကားကိုနားထောင်တဲ့အပြင် ရိုးသားအေးဆေးတဲ့သူတစ်ယောက်ဖြစ်လို့ အနုပညာအသိုင်းအဝန်းက သူ့ကိုချစ်ကြပါတယ်။မိုးအောင်ရင်ကလည်း ရိုးသားကြိုးစားလို့ ပရိသတ်တွေကအားပေးကြပါတယ်နော်။

Photo Credit:Moe Aung Yin's Facebook
Photo Credit:Moe Aung Yin's Facebook

မိုးအောင်ရင်က ကံကြမ္မာဆိုးကြီးနဲ့လည်းတွေ့ကြုံခဲ့ရပြီး လှိုင်းထန်တဲ့လောကဓံကို ရဲရဲရင့်ရင့်ရင်ဆိုင်ဖို့ ပရိသတ်တွေကအားတွေပေးခဲ့ကြပါတယ်။ကံကြမ္မာဆိုးကြီးကနေလွတ်မြောက်အောင်လို့ ပရိသတ်တွေနဲ့မိုးအောင်ရင်ကို ချစ်ကြတဲ့သူတွေက ဆုတောင်းပေးကြပါတယ်။ဆုတောင်းလည်းပြည့်သွားတာကြောင့် မိုးအောင်ရင်လည်း အခက်ခဲတွေကနေပြန်လည်လွတ်မြောက်လာခဲ့ပါတယ်နော်။

Photo Credit:Moe Aung Yin's Facebook
Photo Credit:Moe Aung Yin's Facebook

အခုဆိုရင်တော့ မိုးအောင်ရင်လည်းဇာတ်ကားတွေပြန်လည်ရိုက်ကူးနေပြီး မြင့်မြတ်တို့နဲ့အတူ "အောင်ဆီဂျင်"ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးနေပါတယ်။မိုးအောင်ရင်ကတော့ အနုပညာခြေလှမ်းတွေကိုစတင်နေပြီဖြစ်လို့ပရိသတ်တွေကတော့ အားပေးဖို့အဆင်သင့်ပါပဲနော်။အခုဆိုရင်တော့ မိုးအောင်ရင်က Shootingသွားတဲ့ Before&Afterပုံလေးကို ထုတ်ပြခဲ့ပါတယ်နော်။

Photo Credit:Moe Aung Yin's Facebook
Photo Credit:Moe Aung Yin's Facebook

Photo Credit:Moe Aung Yin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။