ဆီးချိုရောဂါဆိုတာ ကူးစက်ခြင်းကြောင့် မဟုတ်တဲ့ ရောဂါ၊ ဟော်မုန်းရောဂါတစ်မျိုးဖြစ်ပါတယ်...။ ထူးသဖြင့် ကိုယ်စားသောက်နေထိုင်တဲ့ ပုံစံအပေါ်မူတည်ပြီး ဖြစ်လာတတ်တာကြောင့် "Lifestyle Modification" ဆိုတဲ့ စားသောက်နေထိုင်တဲ့ပုံစံတွေကို ပြောင်းလဲနိုင်မှသာ ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်...။ ကိုယ်ငယ်စဉ်ကလေးဘဝက စားသောက်နေထိုင်ခဲ့တာအပေါ်မူတည်ပြီးအသက်အရွယ်ရလာတဲ့အခါ ရောဂါတွေ ဖြစ်၊ မဖြစ်၊ ကျန်းမာ၊ မမာ ဆိုတာ ဖြစ်လာတာပါနော်...။

photo credit pngtree

ဆီးချိုရောဂါကို ကာကွယ်ဖို့ဆိုရင်တော့ နံပတ်(၁)အနေနဲ့ အဆီ၊ အအိမ့်၊ အချိုတွေ၊ အသင့်စားအစားစာတွေကို တတ်နိုင်သမျှ မစားဖို့လိုအပ်တာဖြစ်ပါတယ်...။ အဲဒီအစား အမျှင်ဓာတ်များတဲ့ အသီးအရွက်တွေကို ပိုစားပေးသင့်တာဖြစ်ပါတယ်...။ ကာဗိုဟိုက်ဒရိတ်မှာဆိုရင် အချိုဓာတ်ကဲတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို မစားဘဲ ကစီဓာတ်ကဲတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ရွေးခြယ်စားသုံးသင့်တာဖြစ်ပါတယ်...။

photo credit pngtree

နံပတ်(၂) အနေနဲ့က ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ကောင်းမွန်စွာထိန်းနိုင်ပြီး ကိုယ်အလေးချိန်ကိုလည်း လျော့ချနိုင်၊ ထိန်းနိုင်မှာဖြစ်ပါတယ်..။ ဒါကြောင့် ကျန်းမာတဲ့ခန္ဓာကိုယ်အနေထားကို ရရှိစေပြီး ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းကို လျော့ချနိုင်မှာဖြစ်ပါတယ်..။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "ဆီးချိုကို ဘယ်လိုကာကွယ်ထိန်းသိမ်းသင့်ပါသလဲ" ကျန်းမာရေးဆောင်းပါးမှ ဖော်ပြထားတဲ့ အကြောင်းအရာပြည့်စုံကို ပြန်လည်ကူးယူမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။