မခိုင်လေးလို့ အများကချစ်စနိုးခေါ်ဝေါ်ကြတဲ့ ခိုင်သင်းကြည်ဟာဆိုရင် ပွင့်ပွင့်လင်းလင်းနဲ့အရမ်းစိတ်ထားကောင်းလို့ ပရိသတ်တွေကအရမ်းချစ်ကြပါတယ်နော်။ခိုင်သင်းကြည်က အနုပညာလောကထဲကို တစ်ခေတ်ထဲကဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေကလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတိုင်းကို အားပေးကြည့်ရှု့ကြပါတယ်။

Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook

ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတဲ့ ခိုင်သင်းကြည်က သူမရဲ့အနုပညာအမွေကို ထိပ်ထိပ်လေးအတွက် လက်ဆင့်ကမ်းပေးပါတယ်နော်။ထိပ်ထိပ်လေးက ပညာရေးကိုသာအားစိုက်နေရလို့ အနုပညာအလုပ်တွေကိုတော့ တတ်နိုင်သလောက်သာလုပ်ဆောင်နေပြီး မိသားစုသုံးယောက်နွေးထွေးပျော်ရွှင်စွာနဲ့နေထိုင်နေကြတာပါ။

Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook

အခုဆိုရင်တော့ ခိုင်သင်းကြည်က ချစ်ခင်ပွန်းရဲ့အလုပ်ကိစ္စအတွက် ဘန်ကောက်ကိုအတူတူလိုက်သွားပေးပြီး စိတ်ကြိုက်ဈေးဝယ်ထွက်ပစ်ကာ ချစ်ခင်ပွန်းနဲ့ဆင်တူဝတ်ဆင်ထားတဲ့အကြောင်းလေးကို"လုံးဝမတိုင်ပင်ထားဘဲအိမ်ကနေအကျႌရောအနွေးထည်ရောဖိနပ်ရောအတူတူယူလာမိတယ် အဲ့ဒီတော့ဆင်တူဝတ်လိုက်တာပေါ့လို့"ဆိုပြီး ဇနီးမောင်နှံနှစ်ယောက် ပျော်ရွှင်နေတဲ့ ပုံရိပ်လေးကို မျှဝေလာပါတယ်နော်။

Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook

Photo Credit:Khine Thin Kyi's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။