ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်နိုင်းနိုင်းဟာဆိုရင် သားသမီး၄ယောက်ရှိပြီး ပျော်ရွှင်နွေးထွေးစရာမိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။နိုင်းနိုင်းရဲ့ချစ်ဇနီးနဲ့ကလေး၄ယောက်ကတော့ နယူးယောက်မှာနေထိုင်ကြပြီး အိမ်ထောင်ဦးစီးနိုင်းနိုင်းက အားလပ်ရက်တိုင်းမိသားစုနဲ့သွားရောက်နေထိုင်ကာ အလုပ်ရှိရင်လည်း မြန်မာပြည်ကိုပြန်လာကာအလုပ်တွေကိုကြိုးစားလုပ်ဆောင်ပါတယ်နော်။

Photo Credit:Actor 99's Facebook
Photo Credit:Actor 99's Facebook
Photo Credit:Actor 99's Facebook

နိုင်းနိုင်းကတော့ သိပ်မကြာသေးခင်ရက်ကမှ နယူးယောက်ကနေ မြန်မာပြည်ကို အလုပ်ကိစ္စတွေအတွက်ပြန်ရောက်လာတာဖြစ်ပါတယ်။နိုင်းနိုင်းရဲ့ သားသမီး၄ယောက်ကတော့ ဖေဖေနဲ့ခွဲရမှာဆိုပြီး ငိုနေကြလို့ ဖေဖေနိုင်းနိုင်းက အနမ်းလေးတွေနဲ့ချော့မြူပြီး နားလည်အောင်ပြောပြရပါသေးတယ်။မြန်မာပြည်ပြန်တဲ့အချိန်မှာ ကလေးတွေကိုတော့ လေဆိပ်မခေါ်တော့ဘဲ ချစ်ဇနီးလေးကသာ လိုက်ပို့ပြီး ဇနီးမောင်နှံနှစ်ယောက်က ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပါတယ်နော်။

Photo Credit:Actor 99's Facebook
Photo Credit:Actor 99's Facebook
Photo Credit:Actor 99's Facebook

ဖေဖေနိုင်းနိုင်းကတော့ အလုပ်ကိစ္စတွေကြောင့်သာ မြန်မာပြည်ပြန်လာရပေမယ့် မိသားစုကိုတော့ နေ့တိုင်းလွမ်းနေရပါတယ်နော်။အခုဆိုရင်လည်း ဖေဖေနိုင်းနိုင်းက"ကျွန်တော့် ရဲဘော်လေးတွေကို...အလွမ်းပြေ...ညနေတိုင်း စက်ဘီးစီးနေကျပေါ့...ကျွန်တော်မရှိတော့ လိုက်စီးမယ့်သူ မရှိဖြစ်နေတယ်။"ဆိုပြီး သားသမီးတွေနဲ့စက်ဘီးအတူတူစီးခဲ့တဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး အလွမ်းဖြေနေရပါတယ်နော်။

Photo Credit:Actor 99's Facebook
Photo Credit:Actor 99's Facebook
Photo Credit:Actor 99's Facebook

Photo Credit:Actor 99's Facebook

Video Credit:Actor 99's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။