ပါးလေးဖောင်းကစ်ကစ်လေးနဲ့ အနုပညာရှင်တိုင်းသာမကပဲ ပရိသတ်များကပါ ဝိုင်းချစ်နေရတာကတော့ ယွန်းဝတီလွင်မိုးရဲ့ သားလေး လွင်ထက်(ခ) Liam လေးပါ။ လီလီလုံးလေးလို့ အများကချစ်စနိုးလေးနဲ့ခေါ်ကြတဲ့ Liam လေးကတော့ အငိုနည်းပြီး အမြဲပြုံးရယ်နေတတ်တဲ့ ကလေးလေးတစ်ယောက်ပါ။ သားသားလေးကတော့ အခုကတည်းက မေမေနဲ့အတူ ကြော်ငြာတွေရိုက်ကူးနေရပါပြီ။  

Photo Credit - Yunwaddy's Instagram
Photo Credit - Yunwaddy's Instagram

လီလီလုံးလေးရဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေဟာလည်း ပရိသတ်တွေနေ့တိုင်းစောင့်မျှော်ရလောက်အောင်ကို အသည်းယားပြီး ချစ်စရာကောင်းလွန်းတာပါ။ ဖွားဖွားမေသူကလည်း မြေးလေးရဲ့ ပုံရိပ်တွေနဲ့ ဗီဒီယိုလေးတွေကိုလည်း သူမရဲ့ Facebook အကောင့်မှတစ်ဆင့် မကြာခဏတင်ပေးလေ့ရှိတာပါ။

Photo Credit- May Thu's Facebook Account
Photo Credit - May Thu's Facebook Account

အခုတစ်ခေါက်မှာလည်း သားလေးရဲ့ လသားအရွယ်ဗီဒီယိုလေးကို တင်ထားတာပါ။ အန်တီမေသူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " အသည်းငယ်လေးကိုထိန်းရင်း ဖွါးဖွါးဘာတွေရေရွတ်နေမိမှန်မသိပါဘူး " ဆိုပြီးရေးသားထားတာပါ။ ပရိသတ်တွေအတွက် Liam လေးရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source -May Thu's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။