ပရိသတ်တွေရဲ့အချစ်တော် စူပါမော်လ်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားပြီး မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားသူပါ..။

သရုပ်ဆောင်ကောင်းမှုတွေအပြင် အရပ်ရှည်ရှည် ယောင်္ကျားပီသပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေနဲ့ တိရိစ္ဆာန်လေးတွေအပေါ် ချစ်ခင်ကြင်နာတတ်တဲ့ ချစ်စရာ စိတ်ထားလေးတွေနဲ့ အပြုအမူပုံရိပ်လေးတွေကလည်း သူ့ရဲ့ ဆွဲဆောင်မှုလေးတွေပါပဲ..။


Photo Credit - Paing Takhon’s Facebook
Photo Credit - Paing Takhon’s Facebook

မော်လ်ဒယ် မင်းသားချောလေး ပိုင်တံခွန်ကတော့ မြန်မာပရိသတ်တွေအပြင် ထိုင်းမလေးတွေရဲ့ တခံနက် ချစ်ခင်အားပေးမှုတွေကိုပါ အပြည့်အဝရရှိထားပြီး ပြည်ပနိုင်ငံတွေအထိ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်..။

အလှူဒါန်းတွေကို မကြာခဏပြုလုပ်လေ့ရှိတဲ့ ပိုင်တံခွန်ကတော့ အခုတစ်ခါမှာလည်း ဘုရားသွားရင်း ကုသိုလ်ယူနေတဲ့ အေးချမ်းကြည်နူးစရာ ပုံရိပ်လေးတွေကလည်း တွေ့မြင်သူပရိသတ်တွေကို သဘောကျစေပြန်ပါတယ်နော်..။


Photo Credit - Paing Takhon’s Facebook
Photo Credit - Paing Takhon’s Facebook

ရွှေတိဂုံဘုရားမှာ ဘုရားဖူးကုသိုလ်ယူရင်း အေးချမ်းတဲ့ အပြုံးမျက်နှာလေးနဲ့ အဖိုးအဖွားတွေနဲ့ သီလရှင်တွေကို လက်အုပ်လေးချီကာ တရိုတသေနဲ့ အလှူငွေများလှူဒါန်းကာ ကုသိုလ်ယူနေတဲ့ ပိုင်တံခွန်ရဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကိုတကယ်ပဲ ချီးကျူးစေပါတယ်နော်..။

ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ပိုင်တံခွန်ရဲ့ အသည်းကျော်ချစ်ပရိသတ်တွေအတွက် ပိုင်တံခွန်ရဲ့ ဘုရားဖူးကုသိုလ်ယူနေတဲ့ အေးချမ်းကြည်နူးစရာ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Paing Takhon’s Facebook
Photo Credit - Paing Takhon’s Facebook

Photo Credit - Paing Takhon’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။