ပရိတ်သတ်တွေက ဦးလေးကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ အဆိုတော်ရွှေထူးဟာ

တည်ငြိမ်တဲ့ အချစ်ရေးကိုပိုင်ဆိုင်ထားသူအဖြစ်လဲနာမည်ကြီးပါတယ်။

သူနဲ့ သူ့ချစ်သူကောင်မလေး ဒါဒါစိုး (ခေါ်) ယမင်းဦးဟာ LDRS ( အနေဝေးနေတဲ့စုံတွဲ ) တွေဖြစ်ပေမယ့်

အနေဝေးလို့ သွေးမအေးဘဲ ခုချိန်ထိလက်တွဲမြဲနေခဲ့တာဖြစ်ပြီး သူတို့ရဲ့ ချစ်သက်တမ်းဟာ

၅ နှစ်နဲ့ ၆ လတောင်ကျော်ပြီလို့သိရပါတယ် ။ ဒီလို အနေဝေးတဲ့အချစ်ရေးခိုင်မြဲဖို့ဆိုတာ

နားလည်မှုတွေအပြည့်အဝရှိကြမှဖြစ်မှာပါ ။

ရွှေထူးလို နာမည်ကျော်အဆိုတော်တစ်ယောက်အတွက် အချစ်ရေးမှာ နားလည်မှုပိုလိုအပ်ပါတယ် ။

သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကတော့ တကယ့့်ကို စံထားလောက်စရာပါပဲ ။

သြစတေးလျမှာနေတဲ့ ဒါဒါ က ခုရက်ပိုင်းမှာတော့

ရန်ကုန်ပြန်ရောက်နေပြီး ရွှေထူးနဲ့အတူတူရှိနေတာကိုတွေ့ရပါတယ် ။ 

ချစ်သူကနားလည်မှုအပြည့်အဝပေးသလို

ရွှေထူးရဲ့ သူ့ချစ်သူအပေါ်ထားတဲ့ သစ္စာတရားကတော့

ပရိတ်သတ်တွေကြား ကောင်းမွန်တဲ့ ဂုဏ်သတင်းမွှေးလို့နေတာမို့

သူတို့ချစ်သူနှစ်ဦးကတော့ အားကျစရာစုံတွဲလေးလို့တောင်ဆိုရမှာပဲဖြစ်ပါတယ် ။

Source : Shwe Htoo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။