နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ အကယ်ဒမီဆုတွေသိမ်းပိုက်ရရှိထားပြီး အနုပညာလောကရဲ့ ငွေကြယ်ပွင့်လေးတစ်ပွင့်အဖြစ် အောင်မြင်ကျော်ကြားနေတာ ဖြစ်ပါတယ်။ အသားအရေလေးက ဝင်းမွတ်ဖြူစင်ပြီး မျက်နှာလေးကလည်း တကယ့်ကိုလှပလွန်းတဲ့ ရွှေကစ်လေးကိုတော့ ပရိသတ်တွေက တန်ဖိုးထားချစ်ခင်နေရတာ ဖြစ်ပါတယ်။

Photo Credit-Haw Photography
Photo Credit-Amazing Grace Photography

နိုင်ငံတကာနဲ့လက်တွဲပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ ရွှေကစ်လေးက လက်ရှိမှာလည်း ကိုရီးယားမင်းသားချောလေးနဲ့အတူ "တိမ်တွေပေါ်က ပန်း" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာတော့ ရွှေကစ်လေးတစ်ယောက် Photo Shooting လေးတွေ ရိုက်ကူးနေရပြီး ကြော်ငြာအလှပုံလေးတွေလည်း ဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

Photo Credit-Haw Photography
Photo Credit-Wutt Hmone Shwe Yi's FB
Photo Credit-Wutt Hmone Shwe Yi'sIG

အခုလည်း ရွှေကစ်လေးက ညို့အားပြင်းတဲ့အလှတွေနဲ့ ဖမ်းစားထားတဲ့ အမိုက်စားဗီဒီယိုဖိုင်လေးတစ်ခုကို တင်ထားပါတယ်။ ကစ်လေးကတော့ စူးရှတဲ့အကြည့်တွေနဲ့အတူ ရင်ခုန်သံမြန်စေလောက်အောင် ဆွဲဆောင်မှုပြည့်နေတဲ့ အလှတရားတွေနဲ့ ပရိသတ်တွေကို အသည်းယားအောင်လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေကစ်လေးရဲ့အမိုက်စားဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Video Credit-Wutt Hmone Shwe Yi's IG

Photo Credit-Wutt Hmone Shwe Yi'sIG
Photo Credit-Wutt Hmone Shwe Yi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။