ပရိသတ်ကြီးရေ တေးသီချင်းလောကမှာ ဆရာတစ်ဆူဖြစ်တဲ့ တေးသံရှင်ကျားပေါက်ဟာဆိုရင် လူငယ်ကြိုက်သီချင်းတွေကို သီဆိုပြီး ပရိသတ်တွေအရမ်းကြိုက်နှစ်သက်ရတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ကျားပေါက်ကတော့ အခုချိန်ထိလည်း အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီး သီချင်းဆိုတဲ့အနုပညာအပြင် ပန်းချီဆွဲ၊စာရေး စတဲ့ အနုပညာမှန်သမျှစွယ်စုံရတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Han Htue Lwin's Facebook
Photo Credit:Han Htue Lwin's Facebook
Photo Credit:Han Htue Lwin's Facebook

ကျားပေါက်က တက်သစ်စလူငယ်အဆိုတော်တွေကိုလည်း လက်တွဲခေါ်ယူပြီး သေသေချာချာလမ်းညွှန်းပြသပေးနေတာဖြစ်ပါတယ်။ကျားပေါက်၊အာဇာနည်၊နီနီခင်ဇော်၊ရန်ရန်ချန်းတို့ တေးသံရှင်တွေက အနုပညာအလုပ်တွေလည်းအတူတူတွဲပြီးလုပ်ကိုင်နေကြတာပါနော်။ကျားပေါက်ကတော့ ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး အနုပညာအလုပ်လည်းလုပ်သလို မိသားစုအတွက်လည်း အချိန်ပေးဖြစ်ပါတယ်။

Photo Credit:Han Htue Lwin's Facebook
Photo Credit:Han Htue Lwin's Facebook
Photo Credit:Han Htue Lwin's Facebook

ကျားပေါက်ရဲ့သမီးငယ်လေးက အဆိုတော်နီနီခင်ဇော်ကို အရမ်းကြိုက်တာဖြစ်ပြီး အခုဆိုရင်တော့ ဖေဖေကျားပေါက်ကို သမီးငယ်လေးက မမနီနီခင်ဇော်နဲ့ ဖုန်းပြောချင်တယ်လို့ ပူဆာတာကြောင့် နီနီခင်ဇော်ကို ဖုန်းခေါ်ပေးပြီး သမီးလေးနဲ့စကားခဏပြောစေပါတယ်နော်။ဖုန်းပြောပြီးချိန်မှာတော့ မမနီနီခင်ဇော်နဲ့ဖုန်းပြောလိုက်ရလို့ အရမ်းပျော်ရွှင်နေတဲ့ ကျားပေါက်ရဲ့သမီးငယ်လေးဗီဒီယိုဖိုင်ကို မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Han Htue Lwin's Facebook
Photo Credit:Han Htue Lwin's Facebook
Photo Credit:Han Htue Lwin's Facebook

Photo Credit:Han Htue Lwin's Facebook

Video Credit:Han Htue Lwin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။