ပရိသတ်တွေရဲ့ အချစ်တွေကို အနုပညာလောကမှာ အခိုင်အမာရရှိထားတဲ့အပြင် ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ ပြည်သူ့အချစ်တော် မင်းသားချောကတော့ မြင့်မြတ်ပဲ ဖြစ်ပါတယ်နော်..။

အကယ်ဒမီထူးချွန်ဆုတွေရရှိထားပြီး ပရိသတ်တွေရဲ့ ရင်ထဲကလှိုက်လှိုက်လှဲလှဲအားပေးမှုတွေနဲ့ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ချစ်ဇနီးချောတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ သားချောလေးကို ပိုင်ဆိုင်ထားသူပါ..။


Photo Credit - Myat Wai Tun’s Facebook
Photo Credit - Myat Wai Tun’s Facebook

မြင့်မြတ်ကတော့ ဂျင်းကောင်အဖြစ် ပရိသတ်တွေရဲ့ အချစ်တွေကိုသိမ်းပိုက်ထားသလို ဂျူနီယာမြင့်မြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သားလေး မြတ်သူလေးကလည်း ပရိသတ်တွေရဲ့ အသည်းကျော်လေးပါပဲ..။

မိသားစုပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း ဖေဖေမြင့်မြတ်တစ်ယောက် ပေါင်ပေါ်ထိုင်ပြီး ကားမောင်းနေတဲ့ ချစ်စရာသားလေးကို ကြည့်ပြီး ပီတိလေးတွေဖြစ်ကာ ပြုံးပျော်လို့ နေပါတယ်နော်..။


Photo Credit - Myat Wai Tun’s Facebook
Photo Credit - Myat Wai Tun’s Facebook

ချစ်စရာကောင်းတဲ့ သားလေးမြတ်သူနဲ့ ဖေဖေမြင့်မြတ်တို့ရဲ့ ကြည်နူးစရာမြင်ကွင်း ပုံရိပ်လေးတွေကိုတော့ တပည့်ဖြစ်သူ အဆိုတော်သရုပ်ဆောင် မြတ်ဝေထွန်းက “ကျွန်တော်ဆရာပီတိ..” ဆိုပြီး ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တော်အဖြစ် အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်ကျော်ကြားမှုတွေနဲ့ ရပ်တည်နေပေမယ့် ပကာသနမဖက်ပဲ ရိုးရှင်းစွာနေထိုင်တာလေးတွေကိုလည်း ပရိသတ်တွေက သဘောကျနေကြတာပါ..။

Photo Credit - Myat Wai Tun’s Facebook
Photo Credit - Myat Wai Tun’s Facebook

Photo Credit - Myat Wai Tun’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။