ချီချီလို့အားလုံးက ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ မင်းသမီးချောလေး နေခြည်ဦးကတော့ ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ဝိုင်းဝန်းချစ်ခင်အားပေးခြင်းခံရတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိပြီး အမြဲတမ်းလန်းဆန်းတက်ကြွနေတဲ့ နေခြည်ဦးရဲ့ပုံစံက သူများနဲ့မတူဘဲ ထူးထူးခြားခြား ပေါ်လွင်လှပနေတာ ဖြစ်ပါတယ်။

Photo Credit- Amazing Grace Photography
Photo Credit-Nay Chi Oo's FB

အလှအပရေးရာနဲ့ပတ်သက်ရင် တကယ့်ကိုထူးချွန်တဲ့ နေခြည်ဦးက မိတ်ကပ်၊ ဆံပင်၊ ဖက်ရှင်စတဲ့ အပြင်အဆင်ပိုင်းနဲ့ပတ်သက်ပြီး အမြဲတမ်းခေတ်မှီနေတတ်သူလည်း ဖြစ်ပါတယ်။နေ့တိုင်းလိုလို အလုပ်တွေနဲ့ မအားလပ်တဲ့ နေခြည်ဦးက အားကစားလိုက်စားပြီး လေ့ကျင့်ခန်းပုံမှန်လုပ်လေ့ရှိတာလည်း ဖြစ်ပါတယ်။ အခုလည်း နေခြည်ဦးက မနက်စောစော GYM မှာလေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုလေးကို တင်ထားပါတယ်။

Photo Credit- Nay Chi Oo's FB
Photo Credit- Nay Chi Oo's FB
Photo Credit- Amazing Grace Photography

နေခြည်ဦးက သီချင်းလေးနဲ့အညီ စည်းချက်ကျကျလေး ကြိုးခုန်ပြီး လေ့ကျင့်ခန်းလုပ်နေတာပဲ ဖြစ်ပါတယ်။ အားကစားဝတ်စုံလေးနဲ့ အရမ်းကိုလိုက်ဖက်နေတဲ့ နေခြည်ဦးက သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးနဲ့ ဆွဲဆောင်မှုအပြည့်ရှိနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် GYM မှာ လေ့ကျင့်ခန်းလုပ်နေတဲ့ နေခြည်ဦးရဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Nay Chi Oo's Facebook

Photo Credit- Nay Chi Oo's IG
Photo Credit- Nay Chi Oo's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။