အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခု တိုင်အောင် အောင်မြင်မှုတွေများစွာနဲ့ ယနေ့ချိန်အထိ ရပ်တည်လာနိုင်သူကတော့ ပြည်သူချစ်မင်းသမီးလေး အေးဝတ်ရည်သောင်းပါ။ မအေးသောင်းလို့ အများက ချစ်စနိုးနဲ့ခေါ်ကြတဲ့ သူမဟာ သွယ်လျလှပတဲ့ အမိုက်စားခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသူပါ။ မြန်မာဝတ်စုံလေးတွေနဲ့ ကျက်သရေရှိလွန်းသူလို့လည်း ပရိသတ်တွေက သတ်မှတ်ထားကြတာပါ။  

Photo Credit - Aye Thaung's Facebook Account
Photo Credit - Aye Thaung's Facebook Account

သူမရဲ လူမှုကွန်ယက်စာမျက်နှာတွင်လည်း အနုပညာလှုပ်ရှားမှုတွေနဲ့ပက်သက်ပြီး အမြဲဝေမျှလေ့ရှိသူတစ်ယောက်ပါ။ မနေ့ညကမှာတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အချိန်တိုအတွင်း သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေး ဖြစ်စေမယ့် နည်းလမ်းလေးကို ရေးသားထားခဲ့တာပါ။

Photo Credit - Aye Thaung's Facebook Account
Photo Credit - Aye Thaung's Facebook Account

" ၁၃၅ ပေါင်မှ ၁၂၂ ပေါင်သို့......

အမလေး လွယ်တော့မလွယ်ပါဘူး။

ကိုယ့်အတွက်တော့ မဝဖို့ လှဖို့ ဆိုတာ

သူများတွေအတွက်မဟုတ်ပါ။

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့တွက်ပါ။

၃၀ ကျော်ပြီးကတည်းက တက်လာတဲ့အဆီတွေက

အမှန်အတိုင်းပြောရရင် ငယ်ငယ်ကလို

ခဏလေးနဲ့ပြန်ချလို့မရတော့ပါ။

ဝတဲ့မျိုးရိုးလည်းဖြစ်လို့တအားထိန်းခဲ့ရပါတယ်။

မဝထဖို့အတွက်ထိန်းတာပါ။

ဝလာရင် နေရထိုင်ရလေးလာတာရယ်။

အဝတ်အစားတွေဝတ်တိုင်းစိတ်ညစ်ရလို့

မဝအောင် အမြဲကြိုးစားခဲ့ရသူပါ။

များသောအားဖြင့်

လက်မောင်း ခါးအောက် ဗိုက် ပေါင်ရင်း က အဆီတွေက ရုပ်ဆိုးဆိုးကြီးတက်လာတော့တာပါပဲ။

ချရအခက်ဆုံက လက်မောင်းနဲ့ ပေါင်ရင်းပါပဲ။ " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်ကြီးအတွက် မအေးသောင်းရဲ့ အချိန်တိုအတွင်း ဝိတ်ချနည်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Aye Thaung's Facebook Account

Photo Credit - Aye Thaung's Facebook Account 

Photo Credit - Aye Thaung's Facebook Account
Photo Credit - Aye Thaung's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။