ချစ်စရာကောင်းတဲ့ သားလေးနဲ့လေးအတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားပြီး မကြာခင်မှာလည်း သမီးလေးကို မွေးဖွားတော့မယ့် မင်းသမီးလေးကတော့ သဉ္ဇာနွယ်ဝင်းပါ။ သူမဟာ ကြော်ငြာရိုက်ကူးရေးတွေသာ တစ်ခါတစ်ရံရိုက်ကူးလေ့ရှိပြီး သားလေးကိုပဲ အချိန်ပြည့် ပြုစုစောင့်ရှောက်နေတာပါ။ ဒါ့အပြင် ချစ်ခင်ပွန်းရဲ့ ဂရုတစိုက်စောင့်ရှောက်မှုတွေကြောင့် ကြည်နူးပျော်ရွှင်နေရတာပါ။

photo credit - Thinzar Nwe Win's Facebook Account
photo credit - Thinzar Nwe Win's Facebook Account

သားလေးဟာလည်း တစ်နေ့ထက်တစ်နေ့ချစ်ဖို့ကောင်းလာပြီး လိမ္မာရေးခြားရှိတာကြောင့်လည်း အချစ်တွေပိုနေရတာပါ။ သဉ္ဇာနွယ်ဝင်းဟာ အိမ်ထောင်ရေးကံကောင်းတာကြောင့် လူတိုင်းကအားကျနေရတာပါ။

photo credit - Thinzar Nwe Win's Facebook Account
photo credit - Thinzar Nwe Win's Facebook Account

သားလေးရဲ့ ဗီဒီယိုလေးတွေလည်း မကြာခဏတင်လေ့ရှိတဲ့ သဉ္ဇာကတော့ အခုတစ်ခေါက်မှာလည်း Peach Lay လေးရဲ့ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ ပါးပါးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဘောလုံးကန်နေတဲ့ ဗီဒီယိုလေးပါ။ ပရိသတ်ကြီးအတွက် ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Thinzar Nwe Win's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။