ချစ်ပရိတ်သတ်တို့ရေ... နေ့စဉ်နေ့တိုင်းမှ တစ်ကမ္ဘာလုံးက အရေးပေါ်လူနာအချို့ဟာ လူနာတင်ယာဉ်လာတာနောက်ကျတာတွေ ဆေးရုံကို အချိန်မှီမပို့နိုင်တာတွေကြောင့်အသက် ဆုံးရှုံးနေခဲ့ရပါတယ်နော်။ ဒါပေမယ့် ကမ္ဘာ့အမြန်ဆုံးလူနာတင်ယာဉ်ကတော့ ဒါတွေကို အသာလေးဖြေရှင်းပေးနိုင်တယ် ချစ်ပရိတ်သတ်တို့ရေ...။ဒူဘိုင်းနိုင်ငံက နောက်ဆုံးထုတ်လုပ်လိုက်တဲ့ လိုးတပ်စ်အီဗိုရာ(Lotus Evora)လို့ခေါ်တဲ့ လူနာတင်ကားဟာ လူနာနှင့်ဆေးဝန် ထမ်းတွေကို လိုရာခရီးကိုရောက်အောင် တစ်နာရီ ၃၀၀ကီလိုမီတာ(၁၈၅မိုင်)နှုန်းနဲ့ အရောက်ပို့ပေးနိုင်ပါသတဲ့နော်။

Photo Source: Pngtree

ကမ္ဘာ့အမြန်ဆုံးလူနာတင် ကားအဖြစ်နဲ့ သတ်မှတ်ထားခြင်းခံထားရတဲ့ အဆိုပါ လူနာတင်ယာဉ်ဟာဆိုရင် ယာဉ်ထဲမှာ အောက်ဆီဂျင်အထောက်အပံ့တွေ အဆင်သင့်ပါရှိပြီးတော့ယာဉ်မောင်း ထိုင်ခုံ နောက်မှာလည်း ရှေ့ဦးသူနာပြုတန်ဆာပလာတွေနဲ့ နှလုံးရှော့ရိုက်သည့်စက် (defibrillator) တစ်လုံးလည်းပါရှိပါတယ်။ ထို့အပြင် ကား ရှေ့ခန်းထဲမှာလည်း အရေးပေါ်အချက်ပေးမီးလုံးထည့်ထားပြီး ဗူးပေါ်မှာ လူနာရဲ့ သတင်းအချက်အလက်တွေကို သက်ဆိုင်ရာ ဆေးရုံ သို့မဟုတ် အရေးပေါ်ကုသရေးအဖွဲ့ဆီကို တိုက်ရိုက်ပို့ပေးနိုင်တဲ့ widescreen notebook တစ်ခုကိုပါ တပ်ဆင်ထားပါတယ်။

Photo Source: Pngtree

ဒူဘိုင်း နိုင်ငံက ဆေးဘက်ဆိုင်ရာဝန်ထမ်းပေါင်း အယောက် ၅၀ ဟာ အမေရိကန်ဒေါ်လာ ၁၆ သိန်းတန်ဖိုးရှိတဲ့ ဒီလူနာတင်ကားကို အသုံးမပြုခင်မှာ အကယ်၍များ ဒူဘိုင်းနိုင်ငံအတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ဆိုးရွားလှတဲ့ယာဉ်ကြောပိတ်ဆို့မှုတွေကို ကြုံလာပါက လမ်းကြောင်းရှာဖွေနိုင်မှုပြုလုပ် နိုင်ရန်ကိုလည်း သီးသန့်ယာဉ်မောင်းသင်တန်းကို ကြိုတင်တက်ကြရမှာပဲဖြစ်ပါတယ်နော်။ ကဲ... အရေးပေါ်ဖြစ်နေတဲ့လူနာတွေရဲ့ အသက်တွေ အလဟဿမဖြစ်အောင် ကြိုးစားနေကြတဲ့ ဒူဘိုင်းက ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပဲမဟုတ်လား ချစ်ပရိတ်သတ်တို့ရေ....

Photo Source: Pngtree
Photo Source: Pngtree

Source: မောင်သာရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။