ပြည်တွင်း မြန်မာ့လက်ဝှေ့လောကမှာ ပြိုင်စံရှားဖိုက်တာတစ်ဦးအဖြစ်ရပ်တည်နေတဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝကိုတော့ အားလုံး လေးစားအားကျမိမယ်ထင်ပါတယ်။ ထိုင်းလက်ဝှေ့နဲ့ မြန်မာ့လက်ဝှေ့ကို ထူးထူးချွန်ချွန်ကျွမ်းကျင်ပိုင်နိုင်နေသူတစ်ယောက်ဖြစ်ပြီး လက်ရှိ မြန်မာ့လက်ဝှေ့လောကရဲ့ ထိပ်တန်းဖိုက်တာတစ်ဦးလည်းဖြစ်နေပါတယ်။ ဒေဝကတော့ ကနေဒါနိုင်ငံသားတစ်ဦးဖြစ်ပေမယ့် မြန်မာ့လက်ဝှေ့ကို ချစ်မြတ်နိုးပြီး မြန်မာနိုင်ငံသားတွေရဲ့ အခတ်အခဲအချို့ကို ကူညီဖြေရှင်းပေးခြင်း၊ မြန်မာ့ရိုးရာဓလေ့တွေကို စိတ်ဝင်တစားလေ့လာလျှက်ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ 

Photos & vide0 - Dave 's fb Account
Photos & vide0 - Dave 's fb Account
Photos & vide0 - Dave 's fb Account

မကြာသေးမီက ဒေဝကတော့ သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ် လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ပြသထားတာတွေ့ရပါတယ်။ ချန်ပီယံခါးပတ်ကို ယှဉ်လုနိုင်မယ့် ဖိုက်တာမရှိသေးတဲ့အပြင် လက်ရှိပြည်ပဖိုက်တာတွေကို စိတ်ခေါ်ထိုးသတ်ဖို့ အမြဲအဆင်သင့်ဖြစ်နေသူတစ်ယောက်လည်းဖြစ်ကြောင်း သိရပါတယ်။ ဒီကနေ့ မှာလည်း ဒေဝကတော့ သူ့ရဲ့ လေ့ကျင့်မှုဗီဒီယိုဖိုင်လေးတစ်ခုကို ပရိသတ်တွေအတွက်ပြသထားတာတွေ့ရပါတယ်။ 

Photos & vide0 - Dave 's fb Account
Photos & vide0 - Dave 's fb Account
Photos & vide0 - Dave 's fb Account

အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ ဒေဝရဲ့ ပင်ထိုင်ဆရာတစ်ဦးဖြစ်တဲ့ Pratrick Marcil နဲ့အတူ လေ့ကျင့်ခဲ့တာဖြစ်ပြီး သာမာန်ထက်ပိုမိုသွက်လက်နေတဲ့ ဒေဝရဲ့ လက်သီးချက်တွေကို ပရိသတ်တွေလည်း တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ပရိသတ်တွေလေးစားအားကျရတဲ့ ဒေဝရဲ့ လက်ရှိလေ့ကျင့်နေတဲ့ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos & vide0 - Dave 's fb Account 

Photos & vide0 - Dave 's fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။