နန်းမြတ်ဖြိုးသင်းကတော့ သရုပ်ဆောင်ကောင်းရုံသာမက အသံချိုချိုလေးနဲ့ သီချင်းကောင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ အဆိုတော်၊သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခဲ့သလို သူငယ်ချင်းဖြစ်တဲ့ နန်းသူဇာနဲ့အတူတွဲပြီး သီချင်းခွေလည်း ထွက်ရှိအောင်မြင်ခဲ့တဲ့ ပရိသတ်အချစ်တော်လေး ဖြစ်ပါတယ်။

Photo Credit- Nann Myat Phyo Thinn's FB
Photo Credit- Nann Myat Phyo Thinn's FB
Photo Credit- Nann Myat Phyo Thinn's FB

လက်ရှိမှာတော့ နန်းမြတ်ဖြိုးသင်းက အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားချောလေးတစ်ယောက်ကို ပိုင်ဆိုင်ရရှိခဲ့ပါတယ်။ ခွန်ဘုန်းသုဒ္ဓလို့ အမည်ပေးထားတဲ့ နန်းမြတ်ရဲ့သားလေးကတော့ အသက်လေးလအရွယ်သာရှိသေးတာကြောင့် နန်းမြတ်တို့ဇနီးမောင်နှံက အစအစရာရာ ဂရုတစိုက်နဲ့ပြုစုပေးနေရတာ ဖြစ်ပါတယ်။ အခုလည်း နန်းမြတ်က လူမှုကွန်ယက်မှာ သူမတို့သားအမိရဲ့ပုံလေးကို တင်ထားတာ တွေ့ရပါတယ်။

Photo Credit- Nann Myat Phyo Thinn's FB
Photo Credit- Nann Myat Phyo Thinn's FB

ကလေးမေမေဖြစ်သွားပြီဖြစ်တဲ့ နန်းမြတ်က " သားသားကလဲ ချီသိပ်မှအိပ်တယ် ချီသိပ်ရင်းနဲ့နို့ဗူးကလဲတိုက်ရသေးတော့ လက်တစ်ဖက်တည်းနဲ့ချီရသလိုဖြစ်ဒီနေ့သိပ်တာ ၃နာရီကြာသွားတော့ ခုတော့ခါးနာနေပီကွယ်" ဆိုပြီးလည်း သူမရဲ့ခံစားချက်တွေကို ရင်ဖွင့်ထားပါတယ်။ ဒါပေမယ့်လည်း အရည်ပျော်အောင် ချွဲတတ်တဲ့ သားလေးကြောင့် နန်းမြတ်တစ်ယောက် ကြည်နူးပီတိဖြစ်နေရတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နန်းမြတ်ဖြိုးသင်းတို့သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Nann Myat Phyo Thinn's FB

Photo Credit- Nann Myat Phyo Thinn's FB
Photo Credit- Nann Myat Phyo Thinn's FB
Photo Credit- Nann Myat Phyo Thinn's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။